တော်တော်များများသိပြီးသားဖြစ်မှာပါ။ windows စနစ်အကြောင်းရေးတဲ့သူတွေ အများကြီးရှိပါတယ်..
မသိသေးတဲ့သူတွေ အတွက် ပြန်တင်ပေးလိုက်ပါတယ် …
အရင်ဆုံး Tools Menu က Folder Options ပျောက်နေ ပါသလားစစ်ကြည့်ပါ….
Command Prompt, Registry, Task Manager ကိုဝင်လို့မရတာ (ဒါမှမဟုတ်)၀င်လိုက်တိုင်း ကွန်ပျူတာ Restart ကျသွားလား။
Administrator Account ဖြစ်ရဲ့ သားနဲ့ Registry Editor, Task Manager ဖွင့်မရ ဖြစ်နေလားစစ်ကြည့်လိုက်ပါ။
Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပဲ
ပေါ်နေသလား၊ ဒါမှမဟုတ် Folder လည်း မပွင့် ဘာမျှလည်း တက်မလာ ဖြစ်နေလား။
Hidden Files, Hidden System Files တွေကို ဖော်မရ ဖြစ်နေလား။
Memory Stick ရဲ့ Drive ပေါ်မှာ Right Click နှိပ်လိုက်ရင် Open က ထိပ်ဆုံး ရောက်နေမယ့် အစား Autoplay က ထိပ်ဆုံး ရောက်နေလား။
Drive တွေ၊ Memory Stick တွေကို double Click နှိပ်လိုက်တိုင်း Open With Box ပဲ ပေါ် နေလားလို့သတိထားကြည့်ကြည့်ပါ။
Memory Stick ထဲက Folder တွေပေါ်မှာ Right Click နှိပ်ပြီး Properties
ကိုရွေးရင် Type မှာ File Folder လို့ ပေါ်မယ့်အစား Application လို့
ပေါ်နေလား။
My Folder ဆိုတဲ့ Folder အောက်မှာ My Folder.exe ကို တွေ့  နေရပါသလား။(.exe လေးအပိုပါနေသလားလို့)
Ctrl + Alt + Del နှိပ်ပြီး Task Manager ကို ဖွင့်ကြည့်ပါ။ Flashy, Fun, New Folder
စတာ တွေ ရှိ နေသလား လို့ကြည့်ကြည့်ပါ။
ခုနက အချက်တွေထဲက တစ်ခုခု စက်မှာ ဖြစ်နေပြီဆိုရင် သေချာသလောက်နီးပါးVirus စက်ထဲမှာရှိနေပြီလို့ယူဆနိုင်ပါတယ်။
virus ကို Manually သတ်ချင်တယ်ဆိုရင် တော့ virus အမျိုးအစားအလိုက်သတ်တဲ့ပုံစံတွေမတူပါဘူး ။
ပြီးတော့ အဲဒီအတွက် windows registry ကိုလည်းသေသေချာချာနားလည်ထားဖို့လိုအပ်ပါတယ်။
In : windows