ကျွန်တော်လည်း ခုတစ်လောအလုပ်လေးတွေများနေတာကြောင့် ပိုစ့် တွေမတင်ဖြစ်ဘူးဗျာ။

အွန်လိုင်းမှာပုံမှန်မရှိနိုင်ခဲ့တဲ့အတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ ဆိုက်ထဲကသူငယ်ချင်းတွေကျွန်တော့်

မေ့သွားကြပြီလား ? ………ကျွန်တော်ကတော့ဆိုက်ထဲကနာမည်ကြီးတွေကို အမြဲသတိရနေပါတယ် ….

ကဲကဲ …….တော်ကီပွားတာလေး နည်းနည်းရပ်ပြီး နည်းပညာပိုစ်လေးတစ်ခု ဝေမျှ ပေးလိုက်တယ်နော့် ။

သိပြီးသားတွေဆိုရင်လည်းဆောရီးနော် …………အခု……….

Image Drive အသုံးပြုပုံလေးမိတ်ဆက်ပြောပြချင်ပါတယ် ။ Image Drive ဆိုတာ စက်ထဲမှာ DVD Drive

တပ်မထားပေမယ့် DVD Drive ပုံလေးပေါ်နေပြီး သီချင်းတွေ ဇာတ်လမ်းတွေ ဂိမ်းအခွေတွေ ကို မူရင်း

အခွေမလိုပဲ Virtual အနေနဲ့အသုံးပြုနိုင်ပါတယ် ။( Virtual Drive လို့လည်းခေါ်ပါတယ် )

ကိုယ်ကြည့်ချင်တဲ့အခွေကို အရင် Image file ( .iso, .nrg) အဖြစ်ဖန်တီးပြီးသိမ်းထားခဲ့

မယ်ဆိုရင် ကြိုက်တဲ့အချိန်မှာ Virtual Drive ထဲထည့် ပြီးဖွင့်ကြည့်နိုင်ပါတယ် ။ အားသာချက်တွေအများကြီး

ထဲကတစ်ခုကတော့အချိန်ဘယ်လောက်ကြာကြာ အခွေထစ်တာတို့ဘာတို့မရှိဘူးဗျ ….ပြီးတော့တစ်ချို့

Software တွေက အခွေနဲ့တွဲသုံးရတာမျိုးရှိတယ် ။ အဲဒီလိုအခါတွေမျိုးမှာ အရမ်းအဆင်ပြေစေပါတယ် ။

ပြီးတော့ Windows အခွေတစ်ခုလုံးကို Image file ဖန်တီးထားပြီး Portable OS အဖြစ် Memory Stick

ထဲထည့်သုံးနိုင်ပါသေးတယ် ။ Boot မတက်တော့တဲ့စက်က Data တွေပြန်ယူဖို့လိုရင်အရမ်းအသုံးဝင်ပါတယ် ။

ဒါလောက်လေးပဲမဟုတ်သေးပါဘူး ။Virtual Machine နဲ့တွဲပြီး ကွန်ပျူတာတစ်လုံးထဲမှာကို OS သုံးလေးမျိုး

တင်ပြီး Network တစ်ခုတည်ဆောက်ထားနိုင်ပါသေးတယ် ။

Alcohol Software မှာ Virtual Drive ကို Install သွင်းရင် တစ်ခါတည်းထုတ်ပေးပါတယ် ။

Nero ကတော့ သပ်သပ်ဖန်တီးရပါတယ် ။ ဒါပေမယ့်လွယ်ပါတယ် Nero Image Drive ဆိုတာလေးကို

Enable (အမှန်ခြစ်)ပေးခဲ့ယုံနဲ့ ဖန်တီးလို့ရပါတယ်။

ခုချိန်ထိတော့ Nero 6 က အကောင်းဆုံးဖြစ်နေဆဲပါပဲ ။

ကဲ …ဒါဆို Imgae file ကို Nero နဲ့ပဲဖန်တီးကြည့်ရအောင် ။ လူသိများတဲ့ iso Burner နဲ့လည်း Image file

တွေဖန်တီးလို့ရတယ် နော်။

ပထမဆုံး Nero Express ထဲဝင်လိုက်ပါမယ် ။Image Recorder ကိုရွေးထားပါမယ် ။

ပုံကိုကြည့် ကြည့်ပါ။ စက်ထဲမှာရှိနေတဲ့သီချင်းတစ်ပုဒ်ကိုပဲ Image file ဖန်တီးပြမှာဖြစ်လို့ data disc

ကိုပဲရွေးပေးလိုက်ပါမယ် ။ထပ်ပေါ်လာတဲ့ Box မှာ ADD ကိုနှိပ်ပါ ။

ကိုယ့်စက်ထဲကနှစ်သက်ရာ တစ်ခုခု ကို Add ပေးလိုက်ပါ။ File size အနေနဲ့ CD မှာ 700 MB နဲ့ DVD မှာ

4.7G မကျော်သင့်ပါဘူး ။

ပြီးရင် Next ဆက်နှိပ်သွားပါ။ ထပ်ပေါ်လာမယ့် Box မှာတော့ Burn ကိုနှိပ်လိုက်ပါ။

သူုကဘယ်မှာသိမ်းမလဲလို့မေးပါမယ် ။ တကယ့်အခွေအစစ်မှမဟုတ်တာကိုး……..နော့် ။

အဆင်ပြေတဲ့နေရာရွေးပေးလိုက်ပါ။

ဒါဆိုရင်စပြီး ဖန်တီးနေပါပြီ ။ နည်းနည်းတော့စောင့်ရပါမယ် ။

ပြီးရင် Next ။ အားလုံးပြီးရင်တော့ Exit နဲ့

ထွက်လိုက်ပါတော့။ ခုအဲဒီ Image အခွေကို Virtual Drive နဲ့တွဲပြီး သီချင်းနားထောင် ကြည့်ရအောင်။

Nero Image Drive ကိုသွားပါမယ် ။

ပြီးရင် Browse နေရာကနေ ကိုယ်သိမ်းထားခဲ့တဲ့ Image ဖိုင် နေရာကိုလမ်းကြောင်းလေးရွေးပေးလိုက်ပါမယ်။

ဒါဆိုရင် My Computer အောက်က Virtual Drive ထဲကို အခွေရောက်နေပါပြီ။

Drive ဆီပြန်သွားပြီး အဆင်ပြေတဲ့ Player နဲ့ဖွင့်ကြည့် လို့ရပါပြီ။

အခွေပြန်ထုတ်မယ်ဆိုရင်တော့ R- Click နှိပ်ပြီး Eject ဆိုရင်ရပါတယ် ။

အဆင်ပြေပါစေဗျာ ။