Rain Framework ကိုလေ့လာခြင်း
September 23, 2013
Rain FrameWork ကိုလေ့လာခြင်း
Rain FrameWork ဟာ MVC စနစ်သုံး PHP Framework တစ်ခုဖြစ်ပါတယ် ။
သူက စွမ်းဆောင်ရည် ကောင်းမွန်သလိုသုံးရတာလည်းလွယ်ပါတယ် ။
အဓိကကတော့ ပေါ့ပေါ့ပါးပါး သုံးနိုင်တာပါပဲ ။ သူ့ရဲ့တည်ဆောက်ပုံကလည်းရိုးရှင်းလွယ်ကူ
လှပါတယ် ။ ကျွန်တော်တို့အသုံးချရမှာက Loader ရယ် Controller ရယ် Views ရယ်
အဲဒီဖိုဒါသုံးခုကို ပဲ အသုံးချရမှာပါ ။ အောက်ကပုံစံလေးကိုကြည့်ကြည့်ပါ ။
Models
^
|
UserInput > Loader -----> Controllers ----->Views
Loader
သူက ဒီ Framework ရဲ့ အသည်းနှလုံးလိုပါပဲ ။သူက System folder ထဲမှာရှိပါတယ်
* get the input
* include libraries
* init settings
* connect database
* authenticate the user
* load the controller, selected by the user with the URI (es index.php/news/list/)
* draw the output စတဲ့လုပ်ငန်းစဉ်တွေ ခေါ်သုံးဖို့ ကုတ်တွေသူ့ထဲမှာပါဝင်နေသလိုအကူအညီ
ပေးမယ့် တစ်ခြား ဖိုင်တွေနဲ့လည်းချိတ်ဆက်ထားပါတယ် ။
Controller
သူက ၀န်ထမ်းတစ်ယောက်နဲ့ တူပါတယ် ။Models ထဲကပြန်ယူရမယ့်အချက်အလက်တွေယူတာနဲ့ Views ထဲ
က Output တွေ ထုတ်ပေးတာတွေကိုဆောင်ရွက်ပါတယ်။
Models
သူက Database ထဲက အချက်အလက်တွေ ထုတ်တာသွင်းတာ လုပ်ပေးပါတယ်။
Views
HTML Template ကိုဒီထဲမှာရေးပါတယ် ။Browser မှာဖော်ပြမှာတွေကိုဒီမှာရေးပါတယ်။
ဒီလို ဖိုင်တစ်ခုချင်းစီရဲ့အလုပ်လုပ်ပုံနဲ့သဘောသဘာဝကိုသိပြီးပြီဆိုရင် ကျူတိုရီယယ်လေးတစ်ခုလောက်စမ်း
ကြည့်ကြစို့ (ဆက်ရန်.....)
ပထမ Rain Framework ကိုဒီကနေဒေါင်းလိုက်ပါ ။ပြီးတော့ Zip ဖြေလိုက် ။ ဒါဆို ဖိုင်နှစ်ဖိုင်ထွက်လာလိမ့်မယ်
_MACOSX ဆိုတဲ့ဖိုင်က Mac အတွက် ဖြစ်ပါတယ် ။ Mac သမားမဟုတ်ဘူးဆိုရင်တော့ ဖျက်ပစ်လိုက်နိုင်ပါတယ် ။
နောက်တစ်ဖိုင်ကို နာမည်ပြင်ချင်ပြင်လို့ရပါတယ် ။ပြီးရင်တော့ Web Server ထဲ သွားထားလိုက်ပါတော့ ။
ပြီးရင် Server ကို Run ပြီး Browser ကနေ Localhost/rainframework ကိုလှမ်းခေါ်ကြည့် ။
Error Message ကိုတွေ့ပါလိမ့်မယ် ။Error မှာ Server=Loaclhost ,User=root ,Password= သုံးမယ်
ဆိုတာလေးကို တွေ့ရပါလိမ့်မယ် ။ ဒါဆိုရင် သူ့Server Setting က ကိုယ့်Server Setting နဲ့ မကိုက်လို့ဖြစ်တယ်ဆိုတာ
ခန့်မှန်းလို့ရလောက်ပါတယ် ။Wamp သမားဆိုရင်တော့ WWW ထဲ Xampp သမားဆိုရင်တော့ htdocs ထဲ သွား
ပြီး rainframework>config >db.php ကို Notepad ++ နဲ့ဖွင့်ကြည့်လိုက်ပါ ။
သူ့ကုတ်က အောက်ကအတိုင်းပါ ။
<?php
// default database
$server = "mysql";
$hostname = "localhost";
$username = "root";
$password = "root";
$database = "rainframework2";
if( !defined("DB_PREFIX" ) )
define( "DB_PREFIX", "RAIN_" );
?>
ကျွန်တော်တို့ Server ကို Default အတိုင်း Install သွင်းခဲ့ရင် UserName = "root" နဲ့ Password="" အဖြစ်ဝင်သွားမှာပါ ။
အဲဒီိတော့အဲဒီကုတ်တွေကို ပြန်ပြင်ရမှာဖြစ်သလို PHPMyadmin ထဲမှာလည်း database တစ်ခုဆောက်ပေးရမှာဖြစ်ပါတယ် ။
ကျွန်တော်ကrain နာမည်နဲ့ database တစ်ခုဆောက်ပြီး ဒီလိုပြန်ပြင်လိုက်ပါတယ် ။
<?php
// default database
$server = "mysql";
$hostname = "localhost";
$username = "root";
$password = "";
$database = "rain";
if( !defined("DB_PREFIX" ) )
define( "DB_PREFIX", "RAIN_" );
?>
အခု Loaclhost မှာပြန်ခေါ်ကြည့်ပါဦး ။ ရပါပြီ ။ ဒီလိုပေါ်နေပါပြီ ။
သူ့ရဲ့ထူးခြားချက်က execution time: နဲ့ memory used: ကိုဖော်ပြပေးထားတာဖြစ်ပါတယ် ။
မြင်နေရတဲ့ဆိုက်မှာ charts , content , form , test ဆိုပြီး Nevigate Menu လေးခုရှိပါတယ် ။
Server ထဲပြန်ကြည့်ကြည့်မယ်ဆိုရင် rainframework>app>controllers ထဲမှာလည်း
charts , content , form , test ဆိုတဲ့ folder လေးခုကိုတွေ့ရပါလိမ့်မယ် ။
Controller ထဲက folder ကို menu အဖြစ်ပြတာဆိုတာ သတိထားမိပါလိမ့်မယ်။
ဒါကလက်ရှိ Rain Framework အတွက်ပါ။ MVC(Model,View,Controller)အားလုံးအတွက်ပြောရရင်
Model ဆိုတာ data insert-update စတဲ့အပိုင်းကိုတာဝန်ယူပေးပါတယ် ။View က User Interface
ဖြစ်ပြီး Controller ကတော့လိုအပ်သလို ထိမ်းကျောင်းပေးတဲ့ ပုံစံမျိုးကို ဆိုလိုတာဖြစ်ပါတယ်။
ပထမ charts ဖိုဒါထဲက charts.php ကိုဖွင့်ကြည့်ရအောင် ။
သူ့ကုတ်ရဲ့ ပထမဆုံးမှာ -
class Charts_Controller extends Controller{
//Code
} ကိုတွေ့လိမ့်မယ်။ သူက Controller ဆိုတဲ့ Class ကို extends လုပ်ထားတယ် ။Controller ကတော့
System အောက်က Library ထဲမှာရှိပါတယ် ။ အဲဒီထဲမှာ form , function , loader ,rouder စတဲ့
PHP ဖိုင်လေးတွေလည်းတွေ့မှာပါ ။System Folder ထဲမှာက Developer မပင်ပန်းအောင်လို့ ပြောင်း
လွယ်ပြင်လွယ် အသုံးချဖို့လိုမယ်ထင်သမျှ Class တွေ Function တွေ ကို Framework တည်ဆောက်သူက
ကဖန်တီးထည့်သွင်းပေးထားတာပါ ။အဲ့ဒါပြီးရင်တော့
Function တစ်ခု ရေးပါတယ် ။ အဲဒီမှာ
$chart_pie = $chart_line = null;
ဆိုပြီး Variable နှစ်ခုကြေငြာပါတယ် ။ပြီးတော့
$this->load_library("Charts");
load_library() function က Controller ထဲမှာ ရေးပြီးသားရှိပါတယ် ။
သူက library ထဲကရေးပြီးသား php ဖိုင်ကိုလှမ်းခေါ်ပြီး အလုပ်လုပ်ခိုင်းပါတယ်။
ဘယ်လိုဆိုတာသိချင်ရင်တော့ Controller ထဲသွားဖတ်ကြည့်ပါ ။ ကွန်နက်ရှင်စစ်ထားတာတွေကိုပါ
လေ့လာကြည့်လို့ရပါလိမ့်မယ် ။ဒါဆို Charts.php ကိုခိုင်းထားပြီးပြီလို့သိရပါမယ် ။
ထပ်ကြည့်ရအောင် ။
$data = array( array('OSX', 10), array('Win', 3 ), array('Unix', 7 ) );
$this->Charts->set_data($data) ;
set_data() function ကတော့ Charts.php ထဲက ဖြစ်ပြီး array တန်ဖိုးထည့်သွင်းတဲ့အလုပ်လုပ်ပေးပါတယ်။
ဒါက Windows,Mac,Linux အတွက် value သတ်မှတ်တာ ပါ ။
နောက်ထပ် တွေ့ရမှာက
$this->Charts->load_csv( WEBSITE_DIR . "assign_execution_time.csv" ) ;
$chart_line = $this->Charts->draw_line();
အပေါ်ကဥပမာအတိုင်းပါပဲ ။ Charts.php ထဲက load_csv() ကိုသွားဖတ်ကြည့်လိုက်ပါ ။ကျန်နေတာက
$tpl = new View;
$tpl->assign( "chart_pie", $chart_pie );
$tpl->assign( "chart_line", $chart_line );
$tpl->draw( "charts/charts" );
ဖော်ပြထားတဲ့ Coding ထဲက new View ဆိုတာက
View Class ရှိပြီးသားမို့လို့သာ တစ်ခါတည်း Object ဆောက်တာလို့သိရပါမယ် ။
ဒီတော့ဒီမှာပြထားတဲ့ Coding တွေဟာတစ်ဖိုင်နဲ့တစ်ဖိုင်ချိတ်ဆက်ထားတာဖြစ်လို့ အခုမှစလေ့လာမယ့်
သူငယ်ချင်းတွေ အတွက်ဘာမှန်းမသိဖြစ်စေမှာအသေအချာပဲဖြစ်ပါတယ် ။
ဒါပေမယ့်အခုလိုတစ်ဆင့်ချင်းဆီပြန်ဖြေကြည့်ရင် တစ်ဖြည်းဖြည်းနားလည်လာပါလိမ့်မယ် ။
ဒီလိုရေးပြီးသား Code တစ်ခုကို အချိတ်အဆက်မိအောင်ပြန်လေ့လာတာကို Reverse Engineering လို့
ခေါ်နိုင်တယ်ဆိုပြီးစာအုပ်တစ်အုပ်ထဲဖတ်ဖူးပါတယ် ။အခုရှင်းပြနေတာကလည်း ဒီပိုစ်ကိုဖတ်မိတဲ့ သူငယ်
ချင်းတွေ အနေနဲ့ Self Study Skill တတ်လာစေဖို့ ထည့်သွင်းရှင်းပြနေတာပါ။
ဆက်လေ့လာရအာင်
assign နဲ့ draw ဟာ View.php ထဲမှာ ဖန်တီးပြီးသား function တွေလို့သိရပါမယ် ။
chart_pie တို့ chart_line တို့ ဟာ database ထဲကလာမယ့် ဒေတာတွေဖြစ်လိမ့်မယ်
ဆိုတာနားလည်လောက်ပါတယ် ။ လောလောဆယ်မှာတော့ အဲဒီဒေတာတွေ မရှိသေးဘူးပေါ့ ။
နောက်ထပ်
app>views>chats>chats.html မှာသွားကြည့်ကြည့်ပါ HTML နဲ့ရေးထားတဲ့အထဲမှာ
ကြီးကြီးမားမားဘာမှမရှိပါဘူး ။PHP စာမျက်နှာကလာမယ့် chart_pie နဲ့ chart_line ကိုနေရာချထား
ယုံလေးပဲဆိုတာတွေ့ရပါလိမ့်မယ် ။
ဒီတော့ Browser ကနေ ဒီစာမျက်နှာကို လှမ်းခေါ်တဲ့အခါ View folder ထဲက ဒီဇိုင်းအပြင်အဆင်တွေနဲ့
Controller ထဲကနေ ခိုင်းစေညွှန်ကြားတဲ့အတိုင်းဒေတာတွေကို ထည့်သွင်းဖော်ပြနေမှာဖြစ်ပါတယ်။
ပြောင်းလွယ်ပြင်လွယ်ဖြစ်စေဖို့ အချက်အလက်တွေကို ဖိုင်တွေ အများအပြားခွဲရေးထားပြီးလိုအပ်သလိုခေါ်ယူ
အသုံးပြုသွားတာတွေ့ရပါလိမ့်မယ် ။
အခုတော့ဒီလောက်နဲ့နားပါဦးမယ် ။

Posted by aung aung. Posted In : Web-technology

Web နည်းပညာကို လေ့လာလိုက်စားသူ
Freelance Developer တစ်ဦး ။
စိတ်ပါလျှင်ကဗျာတွေစာတွေလည်းရေးတတ်သူ။