PHP with OOP

PHP 5.2 version မှာတော့ OOP ကို အထောက်အပံ့ပေးနိုင်လာတာတွေ့ရပါတယ်။

PHP 5.3 ကိုရောက်တဲ့အချိန်မှာတော့ Fully OOP အဖြစ်ပြောင်းလဲ လာခဲ့ပါတော့တယ် ။ ဒီအချိန်မှာ PHP

 ကိုမူလအတိုင်း Procedural ရေးနိုင်သလို OOP အနေနဲ့လည်းရေးလို့ရလာပါတယ် ။

 Framework တွေ IDE တွေ အသုံးပြုမယ်ဆိုရင်တော့ OOP ကိုမသုံးမဖြစ်သုံးရတော့မှာဖြစ်ပါတယ် ။

 အကြောင်းကတော့ Framework မှာနဂိုကရေးပြီးသားပါလာတဲ့ Class ကို  inheritanceလုပ်သုံးတာ

တို့ Overwrite လုပ်တာတို့နဲ့ Customize  ပြန်လည်ဖန်တီးရတာကြောင့်ပဲဖြစ်ပါတယ် ။

Declaring a Class

အခြေခံ Class ကြေငြာတဲ့ပုံစံကတော့ ရိုးရိုးလေးပါပဲ ။

class myclass{

// Class contents go here

}

myclass ဆိုတဲ့နာမည်နဲ့ class တစ်ခု ကိုဖန်တီးလိုက်တယ် scope{} နှစ်ခုကြားမှာတော့ constants,

variables and functions တွေ(methods တွေ)ပါဝင်နိုင်ပါတယ် ။

Instantiating an Object

Class တစ်ခုဖန်တီးပြီးရင်ဒီတိုင်းသုံးလို့မရပါဘူး ။ သူ့ကို Instantiate (Obj ဆောက်) ပြီးမှသုံးလို့ရပါတယ်။

C# တို့ Java တို့သင်ဖူးတဲ့သူဆို ပိုနားလည်လွယ်ပါလိမ့်မယ်။Obj ဆောက်ဖို့အတွက် new ဆိုတဲ့ keyword

လေးကိုသုံးပါတယ်။ဒီနေရာမှာ Obj ဟာ Reference type ဆိုတာ သိဖို့လိုပါမယ် ။ ဥပမာ

$myClassInstance = new myClass();

$copyInstance = $myClassInstance(); ဒီလိုရေးခဲ့မယ်ဆိုရင် $myClassInstance နဲ့ $copyInstance

တို့ဟာ Object တစ်ခုတည်းကို Reference လုပ်သုံးနေတယ်ဆိုပြီး သတ်မှတ်ရမှာဖြစ်ပါတယ်။

တကယ်လို့


$myClassInstance = new myClass();


$myClassInstance2 = new myClass();ဒီလိုရေးခဲ့မယ်ဆိုရင်တော့ $myClassInstance နဲ့ $myClassInstance2

တို့ဟာ Class တစ်ခုတည်းပေမယ့် Object နှစ်ခုဖြစ်သွားပြီလို့ သိရမှာဖြစ်ပါတယ်။

Class Inheritance

Class တစ်ခုကို အခြား Class တစ်ခုကနေ extends လုပ်ပြီးယူသုံးတာမျိုးကို Class inheritance လုပ်တယ်

လို့ခေါ်ပါတယ်။လွယ်လွယ်ပြောရရင် အဖေပိုင်တဲ့ပစ္စည်းကိုသားကယူသုံးတာ မျိုးလို့ မှတ်ထားလိုက်ပါ။

class a {

function test()

{

echo "a::test called";

}

function func()

{

echo "a::func called";

}

}

class b extends a {

function test()

{

echo "b::test called";

}

}

class c extends b {

function test()

{

parent::test();

}

}

class d extends c {

function test()

{

b::test();

}

}

$a = new a();

$b = new b();

$c = new c();

$d = new d();

$a->test(); // Outputs "a::test called"

$b->test(); // Outputs "b::test called"

$b->func(); // Outputs "a::func called"

$c->test(); // Outputs "b::test called"

$d->test(); // Outputs "b::test called"

ဒါလေးကလွယ်အောင်ပြထားတာပါ ။ class a မှာ test() ရယ် func() ရယ် function နှစ်ခုပါပါတယ်။

Class b ကျတော့ a ကို extends ယူလိုက်တယ် ။ ဒီတော့ a ထဲက function ကိုသူယူသုံးလို့ရသွားတယ်။

အဲဒီက test() ကို ပြန်ပြင်ပြီးသုံးလိုက်တယ် ။ နောက်ထပ် class တွေထပ်ပြီး extends လုပ်သုံးတယ်။

$a-> test() ဆိုတာက $a ထဲက test() ဆိုတဲ့ function(method လို့လည်းခေါ်) ကိုအလုပ်လုပ်ခိုင်း

မယ်လို့ဆိုလိုတာပါ။ $a ဆိုတာက class a ကို object ဆောက်လိုက်ပြီးနောက်ခေါ်တဲ့နာမည်ပါ။

-> ဆိုတဲ့မြားလေးက " of " ဆိုတဲ့သဘောမျိုးဖော်ဆောင်ပေးပါတယ် ။

ဒီနေ၇ာမှာ မှတ်ထားရမယ့် keyword လေးက extends ရယ် Parent ဆိုတာလေးရယ်မှတ်ထားလိုက်ပါ။

ပင်မ Class ကို Parent Class , extends လုပ်သုံးတဲ့ Class ကိုတော့ Child Class ရယ်လို့လည်းခေါ်ကြ

ပါတယ်။

နောက်တစ်ခုကိုထပ်ကြည့်ရအောင် ။ပထမတစ်ခုသိထားမယ်ဆိုရင်ဒါဆိုရင်တော့တော်တော်လေးနားလည်

သွားလိမ့်မယ်လို့မျှော်လင့်ပါတယ် ။အဲဒီမှာက Car ဆိုတဲ့ Class တစ်ခုဖန်တီးပါတယ်။ Class ထဲမှာ Variable

ကြေငြာချင်ရင် var ဆိုတဲ့ Keywordလေးသုံးရပါတယ် ။

<?php

Class Car{

var $wheels=4;

var $doors=4;

Function wheelsdoors(){

Return ($this -> wheels + $this-> doors);    

     }

}

Class CompactCar extends car{

var $doors=2;

}

$car1=new Car();

$car2=new CompactCar();

echo $car1->  wheels ."<br/>";

echo $car1->  doors ."<br/>";

echo $car1->  wheelsdoors() . "<br/>";

echo "<br/>";

echo $car2->  wheels ."<br/>";

echo $car2->  doors ."<br/>";

echo $car2->  wheelsdoors() . "<br/>";

echo "<br/>";

?>

ကိုယ့်ဖာသာကိုယ်စဉ်းစားကြည့် Browser မှာ Output ဘာပြမယ်ထင်သလဲ ?

ပြီးမှ လက်တွေ့ Run ကြည့်ပါ ။OK :)