Starting PHP

December 27, 2011

ပထမဆုံး Notepad လေးတစ်ခုဖွင့်လိုက်ပါ ။Windows Key နဲ့ R တွဲနှိပ်ပါ။

ပေါ်လာတဲ့ Run Box မှာ notepad လို့ရိုက် Enter ခေါက် ။ဒါဆို notepad ပွင့်လာပါပြီ။

Html မှာ tag တွေနဲ့ရေးသလိုပဲ PHP မှာလည်း tag လေးတွေနဲ့

ရေးပါတယ်။ Html နဲ့တော့ကွာပါတယ် ။PHP မှာ

<? PHP

tag နဲ့စတင်ပြီး

?> နဲ့ပြန်ပိတ်ပါတယ်။

ဖော်ပြမယ့် စာသားတွေကို Browser မှာ မြင်တွေ့နိုင်ရန်အတွက် echo နဲ့ print တို့ကို အသုံးပြုပါတယ်။

 စာကြောင်းဆုံးတိုင်းမှာ semicolon (;) ဖြင့်ပိတ်ပေးရပါမယ်။

semicolon ကျန်ခဲ့ရင် prase error ဆိုပြီးပြပါလိမ့်မည်။

Echo ကို အသုံးပြုပြီး မိမိမြင်တွေ့ချင်တဲ့စာတွေကို “  “ ထဲမှာရေးရပါတယ်။

ဥပမာ -

<?PHP

echo “Hello, Friend”;

print “Hello, Friend”;

?>

 

အဲဒီဥပမာလေးကို Wamp အောက်က WWW Folder ထဲမှာ Hello.php နာမည်နဲ့သိမ်းပေးလိုက်ပါ။

တကယ်လို့ XAMPP Server သုံးရင် C ထဲက XAMPP ထဲက htdocs ထဲကိုထည့်ပေးရပါမယ်။

ကဲ Browser ကိုဖွင့်လိုက်ပါ ။ပြီးရင် http://localhost/www/Hello.php လို့ရိုက်ထည့်ပြီးခေါ်လိုက်ပါ။

XAMPP သုံးရင် http://localhost/Hello.php လို့ခေါ်မှအဆင်ပြေပါလိမ့်မယ် ။

Browser မှာ Hello,Friend. ကိုမြင်ရပါလိမ့်မယ် ။တကယ်တမ်းလက်တွေ့ရေးသားတဲ့အခါမှာ

print ထက် echo ကိုပိုအသုံးများပါတယ် ။

 

 ဒါဆိုတစ်ခုစဉ်းစားစရာတွေ့ပါပြီ တကယ်လို့ ကျွန်တော်တို့က  Hello Friend, “ Nice To Meet U “ . ဆိုပြီးရေးပြချင်တယ်ဆိုပါစို့ ။

 exho " Hello Friend, “ Nice To Meet U “ " လို့ရေးရင် ရမလား?

စမ်းကြည့်ရင် Error ပြတာကိုတွေ့ပါလိမ့်မယ် ။

အဲဒီလိုမျိုးရေးချင်ရင်တော့ '  ' ပြောင်းသုံးပေးရပါမယ် ။နောက်ထပ် \ သုံးပြီးရေးလည်းရပါတယ် ။

ဥပမာ-

<? php

Echo “Hello Friend, \“ Nice To Meet U\ “” ;

Echo ' Hello Friend, " What the weather like today." ' ;

Echo ‘  I\’m  Just  ducky. ’;

?>

ဒါဆိုရင် Error မရှိပဲ အဆင်ပြေစွာရေးလို့ရသွားပါပြီ ။ ထပ်ပြောပြချင်တာက Error Message တွေတွေ့ရင်

မှားပြန်ပြီ ဆိုပြီးလန့်မသွားပါနဲ့ ။အဲဒီ Error Message မှာ ရေးထားတာလေးကို ဖတ်ကြည့်စေချင်ပါတယ် ။

သူကဘယ်လိုနေရာလွဲတယ်ဆိုတာလေးကိုပြောပြထားတာဖြစ်ပါတယ် ။

ကုတ်တွေအများကြီးရေးရတဲ့ တကယ့် Page တစ်ခုအတွက် Error Message ကြည့်တာနဲ့

ပြင်ရမယ့်နေရာကိုတစ်ခါတည်းတန်းသိနိုင်မယ်ဆို တကယ်ကိုအကျိုးကျေးဇူးများပါလိမ့်မယ် ။

Comments ကိုဆက်ရှင်းပြပါမယ် ။

ကိုယ်ရေးတဲ့ Code တွေကို အမှတ်အသားပြုဖို့အတွက် Comments လေးတွေထားလေ့ရှိပါတယ် ။

Comments ဆိုတာ Compiler ကမစစ်ပဲကျော်သွားစေတဲ့ အမှတ်အသားပဲဖြစ်ပါတယ် ။

အများနှင့်လုပ်ကိုင်ရတဲ့လုပ်ငန်းတွေမှာဆိုရင် Comments မရေးခဲ့ပါက အကြောင်းတစုံတစ်ခုကြောင့်အလုပ်ထွက်တဲ့အခါမှာပဲ ဖြစ်ဖြစ်၊

 ဌာနပြောင်းရွေ့တာပဲဖြစ်ဖြစ် မိမိရေးခဲ့တဲ့ Web Project ကို တာဝန်လွှဲးပြောင်းယူရတဲ့ Developer ကနေပြီးအကြောင်းတစ်ခုခုကြောင့် Web Project ကို ပြန်လည်

 ပြုပြင်ရေးသားတဲ့အခါမှာ Comments မရှိလို့ Coding တွေ ရှုပ်ထွေးနေမယ်ဆိုရင်ပြန်လည်ပြုပြင်တဲ့အခါမှာ အချိန်ကြာသလိုဒုက္ခလည်းရောက်ပါတယ်။

ဒါကြောင့် Comments လေးတွေကိုအကျင့်လုပ်ပြီးရေးသင့်ပါတယ် ။

PHP မှာ Comments (၂) မျိုးရှိပါတယ်။

 Single Line Comments

 Multi Line Comments ဆိုပြီးရှိပါတယ်။

 Single Line Comments ကို ဒီလိုရေးပါတယ် ။

// ရေးချင်တဲ့ကော်မန့် (or)# ရေးချင်တဲ့ကော်မန့်

ဥပမာ-

# this is single line comment.

// this is single line comment.

ကိုယ်အလုပ်မလုပ်စေချင်တဲ့ Coding တွေကိုလည်း Comments ပေးပြီးပိတ်ထားလို့ရပါတယ်

// Output “Hello Friend”

Comments စာသားတွေများတယ်ဆိုရင်တော့ Multi Line Commentsကိုသုံးရပါတယ် ။/* ရေးချင်တဲ့ကော်မန့်အများအပြား*/

ဥပမာ-

/* Output

“Hello Friend”

(this is single line comment) */

 

ဒါလေးကိုပဲအရင်လေ့လာကြည့်ပါဦး  ။နောက်မှထပ်ဆက်ပါဦးမယ် ။

 

Installing Drupal in Linux.

December 27, 2011

Installing Drupal in Linux.


အခုတစ်ခါ နာမည်ကြီး CMS တစ်ခုဖြစ်တဲ့ Drupal ကို Ubunutu Linux ရဲ့ Local မှာဘယ်လို Install

လုပ်ရမယ်ဆိုတာလေးပြောပြပါမယ်။ windows မှာလိုပဲ Drupal run ဖို့အတွက် web server Software

လိုအပ်ပါတယ်။ Ubunutu အတွက်  Bitnami Lampstack ဆော့ဝဲလေးကိ...


Continue reading...
 

Latest Avira

December 8, 2010

Avira Antivirus Free Version ပါ။ နောက်ဆုံး ဗားရှင်းလို့ သိရပါတယ်။ လိုချင်ရင် အောက်ကလင့်မှာ ဒေါင်းလိုက်ပါ။


http://www.mediafire.com/?2nxhzwzeazj

free personal ကိုလိုချင်ရင်တော့

http://www.avira.com/en/free-download-avira-antivir-personal

မှာဒေါင်းလိုက်ပါ။

Continue reading...
 

What's Joomla?

December 2, 2010

Joomla ဆိုတာ CMS စနစ်သုံး Web ဖန်တီးတဲ့ App တစ်ခုဖြစ်ပါတယ် ။ CMS ဆိုတာကတော့ Content Management
System ရဲ့ အတိုကောက်ကိုပြောတာဖြစ်ပြီး


မြန်မာလို ပြောရရင် သတင်းမီဒီယာတွေကို စီမံ ခန့်ခွဲ တဲ့ စနစ်လို့ပြောလို့ရမယ...


Continue reading...
 

Latest New Browsers

November 26, 2010

EPIC Browser



Firefox ကဲသို့ကောင်းမွန်တဲ့ Browser အသစ်လေးဖြစ်ပြီး India Developer တွေက
ဖန်တီးခဲ့တာဖြစ်ပါတယ်။ India ရဲ့ အကောင်းဆုံး Browser လည်းပဲဖြစ်ပါတယ်။
သူက Mozilla Platform ကနေပဲတည်ဆောက်ထားတာဖြစ်ပြီး WOT နဲ့ NOT 32 anti
Virus နှစ်ခု Buil...
Continue reading...
 

Delete Facebook Account

November 26, 2010

Facebook လိုမျိုး Social Networking တွေကိုအသုံးပြုရတာ အားသာချက်တွေရှိသလို


အားနည်းချက်တွေလည်း အများကြီးပါပဲ။


အကြောင်းကြောင်းကြောင့် ကိုယ့် facebook အကောင့်ကိုပြန်ဖျက်ချင်ရင် ဒီလိုလေးလုပ်ကြည့်ပါ ။...


Continue reading...
 

How to send large file?

November 22, 2010
ဖိုင် ဆိုက်အကြီးကြီးတွေကို ဘယ်လိုပို့ရမလဲ?

တကယ်လို့ အီးမေးလ်ထဲကနေပြီး ကြီးမားတဲ့ ဖိုင်တွေ ဒါမှမဟုတ် ဗီဒီယို ဖိုင်တွေ ကို ပို့ချင်ပြီဆိုရင်
 တော်တော်လေးစဉ်းစားရ ခက်ပါတယ် ။

ကြီးမား...
Continue reading...
 

Myanmar Unicode

November 19, 2010

မြန်မာUnicode သာအပြီးသတ်ဖော်ဆောင်ပြီးသွားခဲ့ရင် မြန်မာစာကိုနိုင်ငံတကာကနေလွယ်ကူစွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Unicode ဆိုတာမိမိတို့ရဲ့စက်များမှာ font software ကို Install လုပ်ထားစရာမလိုပဲ ကွန်ပျူတ...
Continue reading...
 

Winsows Services

November 18, 2010
Services

Windows စနစ် မှာနောက်ကွယ်ကနေ ၀န်ဆောင်မှုပေးတဲ့ System တစ်မျိုးကို Services လို့ သတ်မှတ်
ပါတယ် ။ Windows Logo+ R နှိပ်၊ Services လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ Windows
ရဲ့ Services ကိုသင်တွေ့နိုင်ပါပြီ။ဒါမှမဟုတ် My Computer ကု...
Continue reading...
 

Event Viewer

November 12, 2010
 

About Me


aung aung Web နည်းပညာကို လေ့လာလိုက်စားသူ Freelance Developer တစ်ဦး ။ စိတ်ပါလျှင်ကဗျာတွေစာတွေလည်းရေးတတ်သူ။

Make a free website with Yola