မြန်မာပြည်နဲ့ကွန်ပျူတာ

January 2, 2012

ကျွန်တော် ၁၀ တန်းအောင်ပြီးမှကွန်ပျူတာကိုမြင်ဖူးခဲ့ပါတယ် ။ကျွန်တော်ပထမဆုံးစသုံးတဲ့ OS က

Windows Me နဲ့ပါ။

မြန်မာပြည်ကိုကွန်ပျူတာဘယ်အချိန်မှာစရောက်လာတယ် ။ ဘယ်လို အဆင့်ဆင့်ပြောင်းလဲလာခဲ့တယ်

ဆိုတာကိုကျွန်တော်လေ့လာထားသမျှထဲကနေဗဟုသုတအဖြစ် မျှဝေတင်ပြပေးချင်ပါတယ် ။

အမှားအယွင်းတစ်ခုခုရှိခဲ့ရင်ကျွန်တော့်ရဲ့ လေ့လာမှုအားနည်းခြင်းသာဖြစ်တဲ့အကြောင်းကြိုတင် ပြီးတောင်းပန်

ထားပါရစေဗျာ ။

မြန်မာနိုင်ငံမှာကွန်ပျူတာတက္ကသိုလ် မပေါ်ပေါက်ခင်ကတည်းကပြည်ပနိုင်ငံမှာကွန်ပျူတာ နည်းပညာခေတ်စား

နေခဲ့ပြီးဖြစ်ပါတယ် ။ မြန်မာ့ပထမဆုံးကွန်ပျူတာကို ၁၉၇၃ မတိုင်မီက တက္ကသိုလ်တစ်ခုရဲ့ သင်္ချာဌာနမှာ

တွက်ချက်ရေးယူနစ်အဖြစ် စတင်ခဲ့တယ်လို့ သိရပါတယ် ။စက္ကူကတ်ပြားတွေကိုအဖောက်ဖောက်ပြီး

သုံးရတဲ့ရှေးဦးကွန်ပျူတာအမျိုးအစားဖြစ်ပါတယ် ။အဲဒီကွန်ပျူတာတွေမှာ Windows မပါပါဘူး ။

သန်းခေါင်စာရင်းကောက်ယူတဲ့ကိစ္စမျိုး နဲ့ အခြားကိစ္စတွေမှာကူညီဆောင်ရွက်ပေးခဲ့ရတယ်လို့သိခဲ့ရပါတယ်။

နောက်ပိုင်းမှာ ၀န်ကြီးဌာနတစ်ချို့မှာ PC မဟုတ်သေးတဲ့ကွန်ပျူတာအသုံးပြုမှုများရှိလာခဲ့ပါတယ် ။

 ပထမဆုံး ကွန်ပျူတာ နည်းပညာဆင့်ပွားပေးတဲ့အဖွဲ့ အနေနဲ့က MCC ဖြစ်ခဲ့ပြီးယခုအချိန်မှာထင်ရှားတဲ့

ကွန်ပျူတာသင်တန်းကျောင်းတစ်ခုအဖြစ်ရပ်တည်နေပြီဖြစ်ပါတယ်။ အဲဒီတုန်းက

ကွန်ပျူတာများမှာ Dos Version သာရှိခဲ့ပြီး စာစီစာရိုက်အတွက် Wordstar , စာရင်းဇယားဆွဲဖို့

Foomtools , စတဲ့ Software တွေကိုအသုံးပြုကြရတယ်လို့ဆိုပါတယ် ။

နောက်ပိုင်း Wordperfect 5.1 ထွက်ပေါ်လာပြီး D base 4 , Lotus 1-2-3 စသည်တို့အပြင် Harbor

Graphic 3 စသည့်ဆော့ဝဲများလည်း အသုံးပြုလာနိုင်ကြတယ်လို့ဆိုပါတယ် ။ Windows OS ပေါ်ပေါက်

လာပြီးအချိန်အတော်ကြာအထိ မြန်မာနိုင်ငံမှာကွန်ပျူတာ သုံးနိုင်တဲ့လူတန်းစားအလွန်နည်းပါး

ခဲ့ပါသေးတယ်။

Windows 3.1 ခေတ်လောက်မှာACE,KMD စတဲ့ကွန်ပျူတာသင်တန်းကျောင်းများ ပေါ်ပေါက်ခဲ့ပါတယ်။

ကွန်ပျူတာဂျာနယ်လည်းပေါ်ထွက်လာပြီးနည်းပညာနယ်ပယ်တွင်တစ်ထောင့်တစ်နေရာမှအကျိုးပြု

ကူညီခဲ့တာတွေ့ရပါတယ်။

Windows 95 ပေါ်ထွက်လာပြီးနောက်ပိုင်း မှ ပညာရေးနယ်ပယ်မှစတင်ကာကွန်ပျူတာ အသုံးပြုမှု

ဟာတစ်စ တစ်စ ကျယ်ပြန့်လာတယ်လို့မြင်ပါတယ် ။

ဒင်းနစ်ဝင်းသိန်းအမည်ရှိလူတစ်ဦးမှ အခြေခံပညာကျောင်းများအတွက် LC630 Macintosh

ကွန်ပျူတာများ အကြွေးရောင်းချပေးခဲ့ရာမှစတင်ပြီးစာသင်ကျောင်းများမှာကိုယ်ထူကိုယ်ထ စနစ်ဖြင့်

Clone PC များဝယ်ယူ ပြသသောအလေ့အထ ပေါ်ပေါက်လာတယ်လို့ဆိုတယ်။အဲဒီအချိန် ကကွန်ပျူတာဆိုတာ ကျောင်းမှာ

အအေးခန်းထဲထည့်ထားတဲ့ “မထိရက်မကိုင်ရက် ပြယုံပြသည့် အလှပြပစ္စည်း” သာဖြစ်ခဲ့ပါတယ် ။

ကွန်ယက်နည်းပညာလည်းတစ်စ တစ်စ ဖွံ့ဖြိုးလာပြီး Network နည်းပညာလည်းဖွံ့ဖြိုးလာပါတယ်။

ဒါပေမယ့်အင်တာနက်ဆိုတာကတော့မသုံးနိုင်ကြသေးပါဘူး ။

ပြည်ပနိုင်ငံများမှာအင်တာနက်အသုံးပြုမှုတွင်ကျယ်နေချိန်အထိ မြန်မာပြည်မှာအင်တာနက် ချိတ်ဆက်

ခွင့်မှာ ကန့်သတ်ပစ္စည်းသာဖြစ်ခဲ့ပါတယ်။ အင်တာနက်သုံးခွင့်ရတဲ့Company တွေကိုလက်ချိုးရေလို့

ရပါသေးတယ်။ယခုအချိန်မှာတော့ အင်တာနက်ကဖေးများ တွင်ကျယ်စွာပေါ်ထွက်လာပြီဖြစ်ပါတယ် ။

ကွန်ပျူတာစီးပွားရေးလုပ်ငန်းအနေနဲ့ ပထမဆုံး အနေနဲ့စာစီစာရိုက် ဆိုင်တွေဦးစွာပေါ်ပေါက်ခဲ့ပြီးအဲဒီကနေ

အခွေကူးခြင်း MP3 သွင်းခြင်း ဓါတ်ပုံပြင်ခြင်း ရုပ်သံတည်းဖြတ်ခြင်း ဂိမ်းဆိုင်ဖွင့်ခြင်း စသည်ဖြင့်

တိုးမြင့်လာခဲ့ပါတယ် ။

ယခုအချိန်မှာတော့ ဆော့ဝဲရေးသားခြင်း ၊ Web Page ရေးသားခြင်း Network ချိတ်ဆက်ခြင်း လုပ်ငန်းတို့တွင်

ကမ္ဘာနှင့်ယဉ်ပေါင်တန်းနိုင်သည့် Company များရှိနေပြီဖြစ်ပါတယ် ။ ဒါပေမယ့်ကျွန်တော့်အမြင်ပြောရရင်

တော်တော်လေးနည်းပါသေးတယ် ။ အဲဒါကလည်း မြန်မာပြည်မှာအင်တာနက် ကို ပြည်သူတွေ လွတ်လပ်စွာ

အသုံးပြုခွင့်မရခြင်း၊ အိုင်တီဆိုင်ရာတွေမှာ လိုင်စင် ကန့်သတ်ချက်လိုမျိုး ဥပဒေလိုမျိုး ရှုင်းလင်းတိကျစွာ

မလုပ်ပေးနိုင်ခြင်းတွေကြောင့်ဖြစ်မယ်လို့မြင်ပါတယ် ။ လက်ရှိအချိန်အထိ မြန်မာပြည်ကအိုင်တီပညာရှင်တွေ

ကို တော့လက်ချိုးရေတွက်လို့ရနေတုန်းပဲရှိပါသေးတယ် ။

မြန်မာဟက်ကာတွေရှိခဲ့သလားဆိုတာကိုလေ့လာကြည့်တော့ တိုင်းပြည်မငြိမ်မသက်ဖြစ်

တုန်းမှာပြည်ပကိုထွက်ပြေးခဲ့တဲ့ မြန်မာ ပညာတတ်လူငယ်တွေ ကနေပြီး ဟက်ကာဖြစ်သွားသူတွေရှိတယ်လို့

သိခဲ့ရပါတယ် ။ ပြည်တွင်းကနေဟက်ကာဖြစ်ခဲ့တဲ့ ပညာရှင်တော့မရှိပါဘူး။ဒါကိုခြုံပြီးသုံးသပ်ရမယ်ဆိုရင်တော့

မြန်မာတွေညံ့လို့ တော့မဟုတ်ပါ့ဘူး ။ အခြေအနေတွေက ပညာရှင်တွေထွက်ပေါ်လာဖို့မဖြစ်ခဲ့တာလို့ပဲပြော

ရပါလိမ့်မယ် ။

တစ်နေ့နေ့ တစ်ချိန်ချိန်တော့ ၉ နှစ်နဲ့ အိုင်ဖုန်း Application ရေးတဲ့ မြန်မာလူငယ် ၊ ၁၉ နှစ်

နဲ့ဟက်ကာဖြစ်တဲ့ မြန်မာလူငယ် စတဲ့ သတင်းမျိုးကို ဖတ် ခွင့်ရချင်ပါသေးတယ် ။

 

မြန်မာဘာသာသို့ပြန်ပေးနိုင်တဲ့ Website

December 28, 2011

ဘာသာစကား (၂၄) မျိုးကနေ မြန်မာလို ဘာသာပြန်ပေးနိုင်တဲ့ Website လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။

သူက ကိုယ်ရိုက်လိုက်တဲ့ စာ တစ်ကြောင်းလုံးကို တစ်လုံးချင်းစီရဲ့ ...


Continue reading...
 

ကိုယ့်နာမည်ကို အဆန်းထွင်ပြီးရေး ရအောင်

December 27, 2011
 ရိုး ရိုး ရေးလည်းရပါတယ် .. ဒါပေမယ့် ဆန်းဆန်းလေးမှ ကြိုက်တဲ့သူတွေ အတွက် လက်တို့ ချင်လို့ပါ..
 ပျော်စရာကောင်းသလိုပညာလည်းရပါတယ် .. အဲဒီ လိုလေးရေးတတ်ဖို့ က Alt နဲ့  ကုတ်နံပါတ်နဲ့တွဲပြီးရေး...
Continue reading...
 

Word to PDF

December 27, 2011

DoPDF  ဆိုတဲ့ဆော့ဝဲလေးကိုစက်ထဲအရင်ထည့်ထား၇ပါမယ် ။ပြီးရင်

 E book လုပ်ဖို့ အတွက် ကိုယ် နှစ်သက်တဲ့စာတွေကို ms word ထဲ စုစည်းထားလိုက်ပါ...။

စာတွေ စိတ်ကြိုက် သိမ်းပြီးသွားရင်Print လုပ်မယ်ဆိုတာကိုရွေ...


Continue reading...
 

Security of your website

December 27, 2011

Dos Attack ဆိုတာဘာလဲ ?

Website ထားရှိတဲ့ Server Computer ကိုတိုက်ခိုက်တဲ့အရိုးစင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ် ။

ISP Back Bone တွေကိုလည်းပဲ ဒီနည်းနဲ့တိုက်ခိုက်တတ်ပါသေးတယ် ။ သူ့ရဲ့သဘောတရားကလည်းရိုးစင်း

ပါတယ်။...


Continue reading...
 

Understanding Windows System

December 27, 2011
ကွန်ပျူတာကိုစဖွင့်လိုက်ပြီဆိုတာနဲ့ Motherboard Display Screen ပေါ်လာပြီး နောက် တီဆိုတဲ့ အသံ
တစ်ချက်ကိုကြားလိုက်ရပါလိမ့်မယ်။ပြီးတဲ့အခါမှာတော့ Windows စတင်တဲ့ သင်္ကေတကိုမြင်နေရမှာဖြစ်ပြီး
Windows Sereen ပေါ်လာဖ...
Continue reading...
 

Using Image Drive

December 27, 2011

ကျွန်တော်လည်း ခုတစ်လောအလုပ်လေးတွေများနေတာကြောင့် ပိုစ့် တွေမတင်ဖြစ်ဘူးဗျာ။

အွန်လိုင်းမှာပုံမှန်မရှိနိုင်ခဲ့တဲ့အတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ ဆိုက်ထဲကသူငယ်ချင်းတွေကျွန...


Continue reading...
 

Install Wordpress

December 27, 2011

ဒီတစ်ခါတော့ wordpress ကို localhost မှာ Installလုပ်ပြီးတော့လေ့လာကြည့်

ရအောင်ဗျာ… CMS မှာ Wordpress ဟာတကယ်ပဲအသုံးပြုရတာလွယ်ကူပါတယ်။

ဘလော့တော်တော်များများကိုကြည့်လိုက်ရင် Wordpress နဲ...


Continue reading...
 

Introduction to Linux

December 27, 2011

Introduction to Linux
Linux ဆိုတာ ...
Linux ဆိုတာ .. UNIX ကနေ ဆင်းလာတာပါ။ဒါဆို UNIX ဆိုတာကရော ဘာလဲ ... ? 1960 မှာ Bell Labs က development team တစ်ခုကနေပြီး

Operating System အသစ်တစ်ခု ရေးလိုက်ပါတယ် .. ၎င်းOperating System
၁. ရိုးရှင်းတယ် ..
၂. Assembly Code တွေအစား C Language နဲ့ ရေး...


Continue reading...
 

Variable in PHP

December 27, 2011
ကျွန်တော်တို့ကျောင်းတုန်းက မသိကိန်းပုစ္ဆာလေးတွေရေးဖူးတာ သတိရမယ်ထင်ပါတယ် ။
ခရီးအကွာအဝေး x ပေဖြစ်ပါစေတို့ဘာတို့လေ ။ တကယ်တော့ x ဆိုတာကြိုတင်သတ်မှတ်
လိုက်တာပါ ။ ဘယ်နှပေ လည်းမသိသေးလို...
Continue reading...
 

About Me


aung aung Web နည်းပညာကို လေ့လာလိုက်စားသူ Freelance Developer တစ်ဦး ။ စိတ်ပါလျှင်ကဗျာတွေစာတွေလည်းရေးတတ်သူ။

Make a free website with Yola