မြန်မာUnicode သာအပြီးသတ်ဖော်ဆောင်ပြီးသွားခဲ့ရင် မြန်မာစာကိုနိုင်ငံတကာကနေလွယ်ကူစွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
Unicode ဆိုတာမိမိတို့ရဲ့စက်များမှာ font software ကို Install လုပ်ထားစရာမလိုပဲ ကွန်ပျူတာမှ အလိုအလျှောက်နားလည်
ဖတ်ရှု ပေးနိုင်မည့် စနစ်ဖြစ်ပါတယ်။ ကျွန်တော်တို့ အခု တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ Zawgyi Font ဟာ Unicode
စနစ်မဟုတ်ပါဘူး .. တစ်ဖက်ကပေးပို့တဲ့စာကိုလက်ခံဖတ်ရှုနိုင်ဖို့အတွက် မိမိစက်ထဲမှာလည်း Font software ကို Install
လုပ်ထားဖို့ လိုအပ်ပါတယ်။ Unicode အသုံးပြုခဲ့ရင် Display Error တွေ Typing Error တွေ ပြေလည်သွားမှာဖြစ်ပါတယ်။
ပြီးတော့ မြန်မာပရောဂျက်တွေရေးခဲ့ရင်လည်း Database ထဲ စာတွေသိမ်းတဲ့အခါ Data Handle လုပ်ရင်ပိုပြီးအဆင်ပြေမှာ
ပါ။ Unicode စနစ်မတွင်ကျယ်သေးတာကတော့-
လူသိနည်းနေသေးတာရယ်၊အသုံးပြုဖို့ အခက်အခဲလေးတွေရှိနေသေးတာရယ်၊ပြီးတော့ Unicode ဟာအခြား Font တွေလို
အလွယ်တကူမသုံးနိုင်သေးပဲ Regional Setting ထဲဝင်ပြင်ရတဲ့အပိုင်းတွေရှိနေသေးတာရယ် စတာတွေကြောင့်ပဲဖြစ်ပါတယ်။
အဲဒါတွေက သာမန်အသုံးပြုသူတွေအတွက်အခက်အခဲဖြစ်စေပါတယ်။
လက်ရှိမှာမြန်မာစာလုံးတွေမှာလည်း Win Font, CE Font,Matrix Font, မြစေတီ အစရှိသဖြင့် Encoding Code
တွေကအမျိုးမျိုးကွဲပြားနေတုန်းပဲရှိပါသေးတယ်။
Windows စနစ်မှာမြန်မာလိုပါဝင်လာဖို့ဆိုတာကလည်း Unicode စနစ်တွင်ကျယ်လာမှသာ အဆင်ပြေလွယ်ကူ
မှာဖြစ်ပါတယ်။ Unicode စနစ်ကို လည်း ယခုအချိန်အထိ အပြီးမသတ်နိုင်သေးပါဘူး ။ Unicode နောက်ဆုံး Version ကိုတော့
www.myanmarnip.org.mm တွင်တင်ထားပေးတယ်လို့သိရပါတယ်။ဗဟုသုတအနေနဲ့ သိထားသလောက်ကိုမျှဝေလိုက်ခြင်းသာ
ဖြစ်ပါတယ်။ဝေဖန်အကြံပြုစေချင်ပါတယ်။ မြန်မာစာစနစ် ဒီထက်ပိုပြီးတိုးတက်ဖို့မျှော်လင့်ပါတယ်။
In : အထွေထွေ