EPIC Browser



Firefox ကဲသို့ကောင်းမွန်တဲ့ Browser အသစ်လေးဖြစ်ပြီး India Developer တွေက
ဖန်တီးခဲ့တာဖြစ်ပါတယ်။ India ရဲ့ အကောင်းဆုံး Browser လည်းပဲဖြစ်ပါတယ်။
သူက Mozilla Platform ကနေပဲတည်ဆောက်ထားတာဖြစ်ပြီး WOT နဲ့ NOT 32 anti
Virus နှစ်ခု Built in ပါဝင်ထားတာလေး ကတော်တော်လေး ကောင်းမွန်ပြည့်စုံတဲ့ခံစားမှုကိုပေးစွမ်းပါတယ်။
Social ဆိုက်တွေဖြစ်တဲ့ Facebook , Twitter စတာတွေကိုလည်း တစ်ပြိုင်နက်ဖွင့်ကြည့်နိုင်ပါတယ်။Alarm လည်းပါဝင်တာဖြစ်လို့သတ်မှတ်ချိန်ရောက်ရင် Message နဲ့အကြောင်းကြားပေးနိုင်ပါတယ်။
မှတ်သားစရာတွေ အတွက်သီးသန့် software ထည့်သွင်းပေးစရာဘာမှ
မလိုဘဲ Built in ပါဝင်ထားတဲ့ Epic Write နဲ့ အလွယ်တကူ မှတ်သားနိုင်ပါတယ်။
ပြီးတော့ Game လေးတွေလည်းပါသေးတယ်……
ပြောရရင်တော့တော်တော်လေးကောင်းတယ်….. စမ်းကြည့်ချင်ရင် ဒီကနေဒေါင်းလိုက်နော့်....



Rockmelt Browser

အခုနောက်ပိုင်း Facebook ဟာ ၀ဘ် စာမျက်နှာတိုင်းမှာပါဝင်လာတာကို တွေ့ ရပါတယ်။
အသစ်ဖန်တီးလိုက်တဲ့ rockmelt Browser ဟာ Facebook အကောင့်နဲ့ ၀င်ရောက်ပြီးမှ
ရှာဖွေနိုင်တဲ့ ပထမဦးဆုံး Log in ပါဝင်တဲ့ Browser ပဲဖြစ်ပါတယ်။Google ရဲ့ Chromium
Software ကိုအခြေပြုတည်ဆောက်ထားပြီး လွယ်ကူစွာအသုံးပျြုနိုင်လို့နှစ်သက်သွားစေမယ့်
ဒီဇိုင်းအသွင်အပြင်တွေလည်းရှိနေပါတယ်။
မိမိ facebook မိတ်ဆွေများစာရင်းကို Log in ၀င်စဉ် စာရင်းပြုလုပ်ပြီးဖြစ်စေမည်လို့ဆိုပါတယ်။
Facebook profile နဲ့ မိတ်ဆွေများစာရင်းကို Browser ဘယ်ဘက်မှာပြထားမှာဖြစ်ပြီး
Facebook User တွေ အကြိုက်တွေ့မည့် Browser မျိုးဖြစ်ပါတယ်။
စမ်းသုံးကြည့်ချင်ရင် ဒီကနေယူလိုက်ပါဗျ။