Introduction to Linux
Linux ဆိုတာ ...
Linux ဆိုတာ .. UNIX ကနေ ဆင်းလာတာပါ။ဒါဆို UNIX ဆိုတာကရော ဘာလဲ ... ? 1960 မှာ Bell Labs က development team တစ်ခုကနေပြီး

Operating System အသစ်တစ်ခု ရေးလိုက်ပါတယ် .. ၎င်းOperating System
၁. ရိုးရှင်းတယ် ..
၂. Assembly Code တွေအစား C Language နဲ့ ရေးထားတယ် ..
၃. Code တွေကို ပြန်လည်အသုံးပြုနိုင်တယ် ..
အဲဒီ Operating Systerm ကတော့ UNIX ပါပဲ .. Code တွေကို ပြန်အသုံးပြုနိုင်တယ် ဆိုတာက အရင်က Computer System တစ်ခုအတွက်ဆိုရင်

Code တစ်ခုရေးပေးရပါတယ် .. သဘောကတော့ Computer System တစ်ခုအတွက် သီးသန့် Operating System တစ်ခုရေးပေးရတာပါပဲ ..

ဒါကြောင့် Computer တစ်လုံးရဲ့ ဈေးနှုန်းကလည်းအလွန် မြင့်မားပါတယ် .. UNIX မှာတော့ ဒီလိုမဟုတ်ပါဘူး .. UNIX မှာ Kernel ဆိုတာပါပါတယ် ..

Operating System နှင့် အခြား functions တွေက ၎င်း kernel ကို မှီပြီးအလုပ်လုပ်ပါတယ် .. ၎င်းတို့ကို C Language နဲ့ရေးပါတယ် ..

အဲဒီနည်းပညာသစ်ကြောင့် UNIX က Hardware အမျိုးမျိုးပေါ်မှာ အလုပ်လုပ်နိုင်ပါတယ် .. အစပိုင်းမှာတော့ UNIX ကို mianframe computer နှင့်

minicomputer တို့အတွက်သာတွေ့ ရပါတယ် ... PC တွေပေါ်လာချိန်မှာ UNIX က PC အတွက် UNIX version အမျိုးမျိုး ထုတ်ခဲ့ပေးပါတယ် ..

ဒါပေမယ့် ၎င်းကအလွန်နှေးပါတယ် .. ဒါကြောင့် လူတော်တော်များများက MS-DOS ကို ပြောင်းသုံးလာပါတယ် ... 1990 လောက်မှာ Helsinki

တက္ကသိုလ် Computer Sience ကျောင်းသားတစ်ယောက်ဖြစ်တဲ့ Linus Torvalds က UNIX နဲ့တူတဲ့ Operating System ကို free သုံးလို့ ရအောင်

လုပ်ဖို့ အကြံရခဲ့ပါတယ် ၎င်းOperating System ကို သူ့နာမည် Linus နဲ့ UNIX ကို ပေါင်းပြီး Linux ဆိုပြီး ခေါ်ခဲ့ပါတယ် .... အဲဒီကနေအစပြုပြီး Linux

ဆိုတာဖြစ်လာပါတယ် ... ဒါပေမယ့် Linux က power user နဲ့ programmer များအတွက် ရည်ရွယ်ပြီးထုတ်ခဲ့တာဖြစ်တဲ့အတွက် .. သာမန် user

တွေအတွက် Linux က အနည်းငယ် ခက်ခဲနေပါတယ် ..... ဒါပေမယ့်နောက်ပိုင်းမှာ Linux ကို company များကနေ အမျိုးမျိုး ပြုပြင်ခဲ့ပါတယ် ..

ခုဆိုရင်တော့ Linux က သာမန် user အများအတွက် သုံးရလွယ်ကူတဲ့ Operating System တစ်ခုဖြစ်လာပါတယ် ....

Linux က
၁. Open Source ...
၂. Free ...
၃. Secure ... ဖြစ်တယ် ...
Open Source ....
Open Source ဆိုတာ .. ကျွန်တော်တို့ Linux ကိုသုံးမယ်ဆိုရင် သူ့ကို အသုံးချယုံတင်မဟုတ်ဘူး .. သူ့ထဲမှာ ပါတဲ့ Code တွေကိုလည်း ကြည့်လို့ရပါတယ် ... ကြည့်လို့ရယုံပဲလား .. မဟုတ်ပါဘူး .. ကိုယ်သာ နားလည်မယ်ဆိုရင် .. ကိုယ်စိတ်ကြိုက် Customize

လုပ်လို့ရပါတယ် ... Windows မှာကော လုပ်လို့မရဘူးလား .. ရပါတယ် .. ဒါပေမယ့် တရားဝင်မဟုတ်ပါဘူး .. သူ့အတွက် tools တွေထွက်ပါတယ် .. ဒါပေမယ့် Microsoft ကသိရင် တရားစွဲလို့ရပါတယ် .. Linux မှာကျတော့ .. ကိုယ် Customize လုပ်တယ် .. ပြီးရင် ..

ကိုယ့်နာမည်နဲ့ ကို Operating System တစ်ခုနေနဲ့ ပြန်Share ရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ပြန်ရောင်းရင်ပဲဖြစ်ဖြစ်ရပါတယ် .. Linux လို့ပြောရင် နာမည်အမျိုးမျိုးနဲ့ တပ်ပြီးပြောကြပါတယ် . Fedora တို့ ... SuSE တို့ .. Ubuntu တို့ .. Red Hat တို့ .. အများကြီးပါပဲ ..

ဒါတွေကဘာတွေလဲဆိုရင် အဲဒီ company တွေကနေ မိမိစိတ်ကြိုက် Customize လုပ်ပြီး တချို့က ပြန်Share တယ် .. တချို့က ရောင်းစားပါတယ် ...
Free ..
Linux တော်တော်များများက Free ရပါတယ် .. Free နဲ့ Open Source မတူပါဘူး .. Free ဆိုတာ အလကားတော့ သုံးရတယ် .. ဒါပေမယ့် သူ့ထဲမှာပါတဲ့ Code တွေကို ပြန်ပြင်သုံးလို့မရပါဘူး ..
Secure ..
Linux OS တွေရဲ့ အကြီးမားဆုံးအားသာချက်က Secure ဖြစ်တာပါပဲ .. ဘာလို့ Secure ဖြစ်တာလဲ .. ဘာလို့လဲဆိုတော့ သူက OpenSource ဖြစ်လို့ပါပဲ .. ကျွန်တော်တို့ Microsoft OS တွေကိုသုံးတယ် .. သူ့မှာ ဘယ်နားကပေါက်ထွက်နေပြီဆိုတာ သိနေရင် တောင် ..

ကျွန်တော်တို့ဝင်ပြင်လို့မရပါဘူး .. Linux မှာတော့ရပါတယ် .. ကျွန်တော်တို့ Linux OS တစ်ခု Customize လုပ်တယ် .. ပြီးရင် Online ပေါ် တင်ပေးလိုက်မယ် .. အဲဒီမှာ ကမ္ဘာပေါ်မှာ ရှိသမျှ Programmer တွေက ကျွန်တော်တို့ တင်ပေးလိုက်တဲ့ OS ကို စမ်းသုံးမယ် ..

ပြီးရင် ဟာကွက် .. တွေ့ရင်ပြင်မယ် .. နောက်ထပ် Programmer တွေထပ်သုံးမယ် .. အားနည်းချက်တွေ့ရင် ဝင်ပြင်မယ် ..ပြီးရင် ပြန်တင်ပေးမယ် .. ဒီလိုနဲ့ ဒီOS ကြီးက ကမ္ဘာပေါ်မှာ ရှိသမျှ Programmer တွေ စဉ်းစားပြီး အားနည်းချက်လိုက်ရှာထားတဲ့အတွက် ..

သူ့မှာ အားနည်းချက်တွေ တဖြည်းဖြည်းနဲ့ နည်းလာမယ် .. ဒီလိုနဲ့ သူက အလွန် Secure ဖြစ်တဲ့ OS ဖြစ်လာပါတော့တယ် .. Microsoft မှာဆိုရင် သူ့မှာရှိတဲ့ Programmer လောက်ပဲ ပြင်နိုင်မှာပါ .. ကျွန်တော်တို့ သူ့အားနည်းချက်တွေကို သိနေသည့်တိုင်အောင် ဝင်ပြင်လို့ရမှာမဟုတ်ပါဘူး ...

(ဆက်ပါဦးမယ်)