Image File ထဲ Zip File တွေ ပေါင်းထည့်မယ်
============================

*.zip or *.rar file တစ်ခုကို *.jpg တစ်ခုထဲထည့်မယ်ဆိုရင် အောက်ပါအဆင့်တွေအတိုင်းလုပ်ဆောင်နိုင်ပါတယ်။

၁. Command Prompt ကို ဖွင့်ပါ ( Windows Key + R, Enter cmd, Click OK)
၂. ပြီးရင် command prompt မှာ copy /b <imagefile>+<rar or zip file> <outputfile>

အထက်ပါအဆင့်အတိုင်း လုပ်ဆောင်ပြီးပါက မိမိသိမ်းလိုက်သော folder path အတွင်း image file တစ် file ရောက်လာမှာပါ. ၎င်းအသစ်ပေါ်လာသော image ကို ဖွင့်ကြည့်ပါက ပုံကို မူရင်းအတိုင်း မြင်ရမည်ဖြစ်သည်။ သို့သော် ၎င်း image file ၏ size သည် မူရင် image file ၏ size ထက် ပိုကြီးနေမည်ဖြစ်သည်။

ဥပမာ ။ ။ မိမိစက်၏ D: အောက်တွင် 1.jpg နှင့် a.rar ဆိုသောဖိုင်နှစ်ဖိုင်ရှိသည်ဆိုပါက အောက်ပါအတိုင်း command prompt တွင် ရိုက်ထည့်ရပါမည် . . .

D: ( D:\ အောက်သို့ ပြောင်းလိုက်ခြင်းဖြစ် . . . )
copy /b 1.jpg+a.rar 2.jpg
ထိုကဲ့သို့ရိုက်လိုက်ပါက D:\ အောက်တွင် 2.jpg ဆိုသော file အသစ်ပေါ်လာမည်ဖြစ်သည်။

ပေါင်းထားသော *.jpg file အတွင်းမှ *.rar or *.zip file ကို ပြန်လည်ထုတ်ယူလိုက်ပါက အောက်ပါ command ကို ရိုက်ရပါမည်။

ren <outputfile> <filename_with_rar_or_zip>

အထက်ပါဥပမာအတိုင်းဆိုပါက

ren 2.jpg b.rar

မူရင်း=> Q+ Computer Center (Monywa)