Facebook ကိုစိတ်ပျက်နေပြီဆိုရင်
facebook ကြီးက ကြာလေကြာလေစိတ်ပျက်ဖို့ကောင်းလေဖြစ်လာပါတယ် ။..
နှစ်နှစ်လောက် သုံး ခဲ့ဖူးတဲ့အတောအတွင်း .. ဘာမှန်းမသိ .. Security အကြောင်းပြပြီး
သူငယ်ချင်းအက်ခွင့်ပိတ်တာ ခဏခဏ ။ သူပဲသူငယ်ချင်းအမြောက်အများကို mail list
ကနေရှာဖို့ခွင့်ပြုခဲ့တယ် ။အဲဒီအတိုင်းရှာတော့လည်း Security အရ ဆိုပြီး သူငယ်ချင်း
အက်ခွင့်ပြန်ပိတ်ပြန်တယ် ။
နေ့တိုင်းLog in ၀င်နေတာ ဒီကွန်ပျူတာ ဒီ IP address ပါပဲ အဲဒါကို တောင်မှ ..
ဘာမှန်း မသိ ညာမှန်းမသိ ...... ဓါတ်ပုံတွေထဲ Tag ချင်ရာ tag ထားတဲ့
သူငယ်ချင်းကိုပြန်ရှာခိုင်းတာနဲ့။ မေးခွန်းတွေ ပြန်ဖြေခိုင်းတာနဲ့ ... မြန်မာပြည်ကို Support
မလုပ်သေးတဲ့ဖုန်း နံပါတ်ဖြည့်ခိုင်းရတာနဲ့ ။...
အမျိုးအမျိုး ဒုက္ခပေး နေတာပါပဲ ။.....
ဒါတင်မကသေးပါဘူး .... ကိုယ် Profile Name ကိုလည်း အလကားနေရင်း ပြန်ပြင်ခိုင်းပါတယ် ။
ပြင်ပေးတော့လည်း ဟိုနာမည်ဆိုမရ တာနဲ့ ဒီနာမည်ကိုခွင့်မပြုတာနဲ့ ... ဘာမှန်းမသိအောင်ကို
ချုပ်ချယ်ပါတယ် ။
အခုတော့ တော်တော်လေးအဆင်ပြေ သွားပါပြီ ။... Google + မှာ facebook မှာလုပ်လို့
ရတာတွေ ကိုလိုက်လံ လုပ်ဆောင်နိုင်နေပါပြီ။

စိတ်ပျက်စရာကောင်းတဲ့ facebook ကိုထားခဲ့ပါတော့။
Google + မှာလည်း facebook time line လို Profile လန်းလန်းလေး ရနေပါပြီ။ သူငယ်ချင်းအက်ခွင့်
/ ရှာခွင့်တွေရှိနေပါပြီ ။... ကြီးမားတဲ့ Community လည်းရှိနေပြီးသားပါ ။

နောက်ထပ် လည်း Google Lab ကနေ အသစ်အသစ်တွေ ထပ်ပြီးဖန်တီးပေးနေဦးမှာပါ ။..
ကဲဒါဆို ... Google + ကိုခုပဲ စမ်းကြည့်လိုက်ရအောင် ။..

Google + ကိုသုံးဖို့ အတွက်အကောင့်အသစ်ထပ်လုပ်စရာမလိုပါဘူး ။လက်ရှိ G mail အကောင့်နဲ့တင်
သုံးလို့ရပါတယ် ။
https://plus.google.com/ လို့ ရိုက်ထည့်ရင် Google+ ကိုတန်းဝင်လို့ရပါတယ် ။
G mail ဖွင့်ထားရင် Gmail က နေ တိုက်ရိုက် ၀င်လို့လည်းရပါတယ် ။
Google က ဒီထက်ပိုပြီးတော့စေတနာကောင်းပါသေးတယ် ။ Member တစ်ဦးကို 5G ပမာဏ ပုံတွေစာတွေ
သိမ်းဆည်းခွင့်ကိုလည်း အခုလ လဆန်းပိုင်းလေးမှာခွင့်ပြုခဲ့ပေးပါသေးတယ် ။ အဲဒါလေးက ယနေ့ခေတ်
မှာခေတ်စားလာပြီဖြစ်တဲ့ Cloud နည်းပညာကို ပြည်သူတွေ ကြားမှာချပြလိုက်တာလည်းပဲဖြစ်ပါတယ် ။
စိတ်ဝင်စားတယ်ဆိုရင်တော့
http://drive.google.com/ မှာ လက်ရှိ G mail အကောင့်နဲ့ တိုက်ရိုက်ဝင်လို့
ရပါတယ် ။

အဲဒီမှာ Upload လုပ်ဖို့ Browse ပါဝင်ပြီး ကိုယ့်အချက်အလက်တွေကို Internet Cloud မှာထား
ပြီး အင်တာနက်ရှိတဲ့ဘယ်နေရာကမဆို လှမ်း Access လုပ်နိုင်စေပါတယ် ။ဒါကပုံမှန် အသုံးပြုသူအတွက်ပါ။
နောက်တစ်နည်းကတော့ အင်တာနက်ဆိုင်လိုမျိုးကနေမဟုတ်ပဲကိုယ့်ကိုယ်ပိုင် စက်မှာ
အင်တာနက်ချိတ်သုံးတာမျိုးအတွက် ဆိုရင် Google Drive ဆော့ဝဲကိုဒေါင်းပြီး Install လုပ်ထားလို့ရပါတယ်။
ဒါဆိုရင် ကိုယ့် စက်မှာ Google Server နဲ့တိုက်ရိုက်ချိတ်ဆက်ထားတဲ့ Folder တစ်ခုရမှာဖြစ်ပြီးကိုယ် သိမ်း
ချင်တာမှန်သမျှ အဲဒီ Folder ထဲတန်းထည့်ပြီးသိမ်းလို့ရပါတယ် ။


ဒါဆိုရင်သူက ကွန်နက်ရှင်ရတာနဲ့
Google Server မှာအလိုအလျှောက်ချိတ်ဆက်ပြီး Cloud ထဲမှာသိမ်းပေးမှာဖြစ်ပါတယ် ။

အဲဒီဖိုင်တွေကို ကိုယ့်မိတ်ဆွေတွေကို Share လုပ်လို့ရသလို ကိုယ့်တစ်ယောက်တည်း သုံးအဖြစ်လည်း
ထားရှိနိုင်ပါသေးတယ် ။...... Google ဟာပေါ်လာကတည်းက အသုံးပြုခွင့်များစွာ Free ပေးခဲ့ပါတယ် ။
အခုဆိုရင် Memory Stick ကြီးတစ်ကားကား DVD Drive တွေနေရာတကာသယ်စရာမလိုတော့ပါဘူး။
ကိုယ် Cloud ထဲသိမ်းထားသမျှ ကိုယ့်စက်မှာမှမဟုတ် အင်တာနက်ရှိတဲ့ဘယ်နေရာကမဆို ဒေါင်းလုတ်ဆွဲပြီး သုံးနိုင်နေပါပြီ။
ကွန်နက်ရှင်လေးသာဒီထက်ကောင်းမယ်ဆိုရင်တော့ နောနော်လို အတိုင်းထက်အလွန်ပေါ့ ။
ကဲ .... စိတ်ဝင်စားတယ်ဆိုရင် ဒီနေ့ပဲ အဆင့်မြင့်နည်းပညာတွေကို ခံစားကြည့်ကြရအောင် ။....
တစ်ခါတစ်ခါစဉ်းစားမိတယ် ။ Google Company သာ မြန်မာပြည်က မြန်မာအစိုးရလက်အောက်မှာသာ
ဖွဲ့စည်းတာဖြစ်နေမယ်ဆိုရင် .. G mail အကောင့်တစ်ခုကို ငါးသိန်းလောက်ပေးနေရမယ်ထင်တယ်
ပြီးတော့တစ်ခါ Log in ၀င်ရင် တစ်မိနစ် 50 နှုန်း ထပ်ဖြတ်လိမ့်ဦးမယ်ထင်တယ် .... လို့ ။...
In : Web-technology
Web နည်းပညာကို လေ့လာလိုက်စားသူ
Freelance Developer တစ်ဦး ။
စိတ်ပါလျှင်ကဗျာတွေစာတွေလည်းရေးတတ်သူ။