facebook Account တိုက်ခိုက်ခံရခြင်း
Posted by aung aung on Friday, October 8, 2010 Under: အထွေထွေ
ဒီမနက် facebook သုံးနေတုန်း ရုတ်တရက် .. ရပ်သွားပြီး LOG IN
ပြန်ဝင်ခိုင်းပါတယ်...
Connection ကြောင့်လို့ထင်ပြီး ပြန် access လုပ်တဲ့ အခါမှာ ပြသနာစပါတော့တယ်။
လွန်ခဲ့တဲ့ အချိန်အနည်းငယ်က သင့်ရဲ့ အကောင့် မှာသံသယဖြစ်ဖွယ်တွေ့ ရှိရလို့ ပိတ်လိုက်ပါတယ် ဆိုပြီး အင်္ဂလိပ်လိုရေးထားပါတယ်။
တစ်စုံတစ်ယောက်ကကျွန်တော့အကောင့်ကိုတိုက်ခိုက်ဖို့ကြိုးစားနေပါပြီ။
ပြီးတော့အဲဒီမှာ ပြန်လည်ရယူမယ်ဆိုတဲ့ button လေးပါလာပါတယ် ။
အဲဒီ button လေးကိုနှိပ်လိုက်ပါတယ်။သူကအဆင့်လေးဆင့်ပြပါတယ် ။ ပထမဆုံး စာလုံးတွန့်လေးတွေကိုမြင်ရတဲ့ အတိုင်း
ပြန် ရိုက်ပေးရပါတယ်။
အဲဒီအဆင့်ပြီးရင်နောက်တစ်ဆင့်သွားပါတယ်။အဲဒီမှာ အကောင့် ပြန်ရဖို့ အတွက်အောက်ဖော်ပြပါ နည်းလမ်းတွေထဲကတစ်ခုရွေးပါလို့ပြောပါတယ်။ ကျွန်တော့်အတွက်တော့ photo တွေကို confirm လုပ်မယ်ဆိုပြီးရွေးစရာ
တစ်ခုသာပါတဲ့ အတွက် အဲဒါကိုပဲ ရွေးရပါတယ် ... အဲဒီအခါနှစ်ကြိမ်သာမှားခွင့်ပြုမည့်အကြောင်းသတိပေးစာနဲ့ အတူ
Start ဆိုတဲ့ Button လေးပါလာပါတယ်။
နောက်တစ်ဆင့်မှာ tag လုပ်ထားတဲ့ပုံတွေပြပြီး ပြထားတဲ့ အထဲက နာမည်မှန်ကိုရွေးခိုင်းပါတယ်။
ခက်တာက ကျွန်တော်တို့ ဆီမှာ မဆိုင်ရင်ကာ tag တဲ့သူတွေရှိနေတော့ ရွေးရခက်စေပါတယ်။
ပုံ ငါးပုံ မှန်အောင်ရွေးပေးရပါမယ်။
မမှန်ရင်ပြန်ကြိုးစားနိုင်ပါတယ် ။ ပြန်ကြိုးစားဖို့ဘယ်နှကြိမ်ခွင့်ပြုလဲတော့မသိပါဘူး။နောက်တစ်ကြိမ်မှာ မှန်အောင်ဖြေနိုင်လိုက်ပါတယ်။
မှန်ကန်အောင်ဖြေဆိုနိုင်ခဲ့ရင်တော့နောက်တစ်ဆင့်မှာ" ကို ယ့်အကောင့်ကိုပြန်သတိရပါတယ်"။ ဆိုတဲ့ button နဲ့ နောက်တစ်ခုက ဘာ button မှန်းမသိဘူး(မေ့သွားပြီ )-တစ်ခုကိုရွေးခိုင်းပါတယ် ။
ကျွန်တော်က သတိရတယ်ကိုရွေးလိုက်တဲ့ အတွက်ထပ်မမေးတော့ပါဘူး ။
သင့်အကောင့်ကိုပြန်လည်စတင်လို့ ရပါပြီ။ဆိုတဲ့စာသားရယ်အောက်က ပြန်လည်အသက်သွင်းမယ် ။ဆိုတဲ့ Button ရယ်ပဲ
ပါပါတော့တယ် ။ restore Button ကိုနှိပ်တဲ့ အခါမှာတော့ ။
ကိုယ့်အကောင့်ကိုယ်ပြန်ရပါတော့တယ်။
တစ်ခါတည်း password လည်း ပြောင်းလိုက်ပါတော့တယ်..
Password ပြောင်းချင်ရင်တော့ Account အောက်က Account Settings ကိုသွားပါ
Old passwordမှာ password အဟောင်းကိုရိုက်ပါ။ပြီးနောက် new password နဲ့ confirm password မှာ အသစ်ပြောင်းမယ့် password ရယ် ရိုက်ထည်ပါ။ ပြီးရင်တော့Change Password ကိုနှိပ်လို့ အလွယ်တကူပြောင်းနိုင်ပါတယ် ။

In : အထွေထွေ
Web နည်းပညာကို လေ့လာလိုက်စားသူ
Freelance Developer တစ်ဦး ။
စိတ်ပါလျှင်ကဗျာတွေစာတွေလည်းရေးတတ်သူ။