Drive တွေရဲ့ Autorun ကိုပိတ်ထားမယ် ။
Posted by aung aung on Thursday, May 31, 2012 Under: windows
In : windows
In : windows
| aung aung |
| Mandalay |
Web နည်းပညာကို လေ့လာလိုက်စားသူ
Freelance Developer တစ်ဦး ။
စိတ်ပါလျှင်ကဗျာတွေစာတွေလည်းရေးတတ်သူ။
|
Make a free website with Yola
တကယ်က လုပ်နည်းတွေ အများကြီးရှိပါတယ် ။ အတိုင်းအတာတစ်ခုထိကာကွယ်ထားနိုင်ပါတယ် ။
Autorun က ဗိုင်းရပ်စ်မဟုတ်ပါဘူး ။ ရိုးရိုးဆော့ဝဲတွေမှာလည်းပါတတ်ပါတယ် ။ သူကဆော့ဝဲကိုအလိုလို Run အောင်ခိုင်းတဲ့သူပါ ။
အဲဒါကြောင့်မို့လည်း သူက ဗိုင်းရပ်စ်ကိုသူ့ဖာသာထ Run ဖို့ အကုအညီပေးတတ်ပါတယ် ။
အခု အလွယ်ဆုံးလို့ထင်တာကိုပြောပြပါမယ် ။
Windows Key နဲ့ R ကိုတွဲနှိပ်လိုက်ပြီး ပေါ်လာတဲ့ Box မှာ regedit လို့ရိုက်ပြီးရင် Enter -
ဒါဆိုရင် Registry Editor ပေါ်လာလိမ့်မယ် ။အဲဒီက Find ထဲကိုသွားလိုက်ပါ ။
ပြီးရင် ဒီတိုင်း NoDriveTypeAutoRun အတိအကျ ကူးထည့်ပြီးရှာလိုက်ပါ ။ သူက Explorer အောက်မှာရှိတယ် ။
ဒါပေမယ့်လွယ်အောင်ရှာလိုက်မယ် ။
တွေ့ပြီဆိုရင် သူ့ကို DoubleClick နှိပ်ပြီးဖွင့်လိုက် ။ အဲဒီမှာ Default ပေးထားတဲ့ 91 ကို 95 ပြောင်းပြီး OK ကိုနှိပ် ။
ဒါဆိုပြီးပြီ ။ အဆင်ပြေပါစေနော် ။