Facebook
လိုမျိုး Social Networking တွေကိုအသုံးပြုရတာ အားသာချက်တွေရှိသလို
အားနည်းချက်တွေလည်း
အများကြီးပါပဲ။
အကြောင်းကြောင်းကြောင့်
ကိုယ့် facebook အကောင့်ကိုပြန်ဖျက်ချင်ရင် ဒီလိုလေးလုပ်ကြည့်ပါ ။အရင်ဆုံး
www.facebook.com
ကိုသွားပါ။ပြီးရင် Account
ထဲက Account
settings ကိုရွေးလိုက်ပါ။

ပေါ်လာတဲ့ Box
ထဲကမှ Deactivate Account > Deactivate ကိုရွေးလိုက်ပါ ။

သူကဘာကြောင့်ဖျက်ချင်တာလဲ
ဆိုတဲ့
Feedback
မေးခွန်းလေးကိုမေးပါလိမ့်မယ် ။ အဆင်ပြေသလိုသာဖြေလိုက်ပါ ။

ပြီးနောက်တစ်ဆင့်မှာ
Password ကိုအတည်ပြုဖို့ပြန်ရိုက်ခိုင်းပါလိမ့်မယ် ။

နောက်တစ်ဆင့်မှာတော့
စာလုံးစောင်းစောင်းလေးတွေကို
မြင်ရတဲ့အတိုင်းပြန်ရိုက်ပေးရပါမယ် ။

အဲဒီအဆင့်လေးပြီးသွားခဲ့ရင်တော့
Facebook ရဲ့ အပြင်ကိုပြန်ရောက်နေပါလိမ့်မယ်။
ဒီအဆင့်ရောက်သွားပြီးရင်တော့
ကိုယ့်အကောင့်ရော ကိုယ်facebook
ပေါ်မှာရေးခဲ့သမျှတွေကိုရောဖျက်ပေးသွားမှာဖြစ်ပါတယ်။
တစ်ခြားသူတွေ
ကကိုယ့်စာမျက်နှာကိုကြည့်လို့မရတော့ ပါဘူး ။ ဒါပေမယ့်
အဲဒီအကောင့်ကိုကိုယ်တိုင်
ပြန်ရယူချင်ရင်
(14) ရက်အတွင်း တိုက်ရိုက် Access လုပ်ရုံနဲ့ပြန်ရနိုင်ပါတယ် ။
အဲဒီအကြောင်းကို
အကောင့်ဖျက်ပြီး
ပေမယ့် ပြန်ဝင်မယ်ဆိုရင်လည်းကြိုဆိုနေပါတယ်ဆိုပြီး
Message လေးပြပေး
ပါတယ် ။

Facebook က
Champ ပေးထားတယ်ပြောရမယ်ထင်ပါတယ်။(14) ရက်ကျော်သွားရင်တော့
facebook ကနေ အပြီး
ထုတ်ပယ်လိုက်မှာဖြစ်ပါတယ်။