ရတနာပုံ Web Portal ဌာန တွင် ယခု ဖြစ်ပွားလျက်ရှိသော အထက်အရာရှိတစ်ဦးမှ ရိုင်းပြစွာ ဆက်ဆံပြုမှုသွားသည့် ကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရတနာပုံ တယ်လီပို့ အမှုဆောင်အရာရှိချုပ်မှ Web Portal အပါအဝင် ရတနာပုံ တယ်လီပို့(ပြင်ဦးလွင်) ရှိ ဝန်ထမ်းများ အားလုံးနှင့် တွေ့ဆုံပြီး အရေးပေါ်အစည်းအဝေး တစ်ခု ပြုလုပ်သွားကြောင်း သိရပါသည်။ ထိုအစည်းအဝေး၌ အမှုဆောင်အရာရှိချုပ်မှ ရတနာပုံ တယ်လီပို့ဝန်ထမ်းများအားလုံးကို မိမိသဘောဆန္ဒ မပါဘဲ ဌာန ပြောင်းရွှေ့ခြင်းများ ပြုလုပ်မည် မဟုတ်ကြောင်း ၊ ရတနာပုံ Web Portal ဌာနမှ ပြောင်းရွှေခံ ဝန်ထမ်းအားလုံး ကိုလည်း လက်ရှိ ဌာနတွင် ယခင်ရာထူးနေရာများ အတိုင်း ဆက်လက်ခန့်ထားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားသွားသည် ဟု သိရပါသည်။ ရတနာပုံ တယ်လီပို့ ဝန်ထမ်းများ အားလုံးရှေ့တွင် ရတနာပုံ တယ်လီပို့ ဌာနကြီးမှူး ဖြစ်သူ ဦးမျိုးညွှန့်အောင်မှ ရတနာပုံ Web Potal ဌာနရှိ ဝန်ထမ်းများအပေါ် မိမိအနေဖြင့် ရိုင်းပြစွာ ပြုမှု ပြောဆိုမိကြောင်း အမှုဆောင် အရာရှိချုပ်ထံ ဝန်ခံသွားသည်ဟု ကြားသိရသည်။
    ရတနာပုံ တယ်လီပို့ အမှုဆောင် အရာရှိချုပ်က ဦးမျိုးညွှန့်အောင် အား ဌာနကြီးမှူး အဖြစ်မှ နှုတ်ထွက်ပေးရမည် ဆိုသည့် Web Portal ဝန်ထမ်းများ၏ တောင်းဆိုချက်ကိုမူ ပြန်လည် သုံးသပ်ပြီး တရားမျှတစွာ ဖြေရှင်းပေးမည် ဖြစ်ကြောင်း သိရသည်။ အမှုဆောင်အရာရှိချုပ်၏ တရားမျှတစွာ ဖြေရှင်းပေးမည်ဟူသော ပြောကြားချက်ကို ဝန်ထမ်းများ အားလုံးမှ ယုံကြည်မျှော်လင့် စောင့်စားနေကြကြောင်း သိရှိရသည်။