Unicode for Our Site
ဇူလိုင်လ 20 ရက်နေ့ ၌ထွက်ရှိလာခဲ့သော MAC OS X 10.7 (Lion) မှစတင်ပြီး Apple Computer များတွင်
မြန်မာစာစနစ်တရားဝင်ပါဝင်လာပြီဖြစ်ကြောင်းသိရသည်။ Lion OS ၏ မြန်မာစာစနစ် ၌ Myanmar MN နှင့်
Myanmar Sangam MN ဟူ၍ မြန်မာ font နှစ်မျိုးပါ ၀င်လာပြီး ၎င်း fonts များကို Unicode စံအတိုင်းတီထွင်
ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အမေရိကန် Company တစ်ခုဖြစ်သော Apple အနေဖြင့်မြန်မာပြည်နှင့်ချိတ်ဆက်
လုပ်ဆောင်ရန်အခက်အခဲများ ရှိနေသေးသောကြောင့် တောင်အာရှဘာသာစကားများကို တီထွင်နေသည့်
မလေးရှားနိုင်ငံသားတစ်ဦးဖြစ်သူ Muthu Nedumarenနှင့်ချိတ်ဆက်ပြီးလုပ်ငန်းများဆောင်ရွက်ခဲ့ရခြင်း
ဖြစ်ကြောင်းApple တွင်မြန်မာစာစနစ်ပါဝင်လာရန်ကြိုးပမ်းခဲ့သူတစ်ဦးထံမှ သိရသည်။
လက်ရှိဖောင့်တွင် Error အနည်းငယ်ကျန်ရှိနေသေးကြောင်း Http://prahita-tmhtet.blogspot.com တွင်
မူလဖန်တီးရှင်ကိုတင်မျိုးထက်က ရေးသားခဲ့သလို http://lionslayer.yoeyar.com တွင်လည်း ဖတ်ရှု
နိုင်ကြောင်းသိရသည်။ဆက်လက်ပြီး Apple မှအသစ်ထွက်ရှိမည့် OS များတွင်လည်း မြန်မာစာစနစ်တရားဝင်
ပါဝင်လာမည်ဖြစ်ကြောင်းဝမ်းမြောက်ဖွယ် သိရသည်။
မကြာတော့မည့်ကာလများတွင် Unicode Fonts များကိုတွင်တွင်ကျယ်ကျယ်အသုံးပြုလာဖွယ်ရှိနေသည်ဟု
ကျွမ်းကျင်သူများကမှတ်ချက်ပေးထားသလို Websites အများစု ကလည်း Unicode စနစ်ကိုပြောင်းလဲအသုံးပြု
နေကြပြီဖြစ်သည်။
“ Unicode စနစ်က တစ်ချိန်ချိန် မှာသုံးကိုသုံးလာရမယ့်စနစ်တစ်ခုပါ ။ Friendsmyanmar မှာ Unicode
ပြောင်းသုံးဖို့က အရင်ကထက်ပိုနီးကပ်လာပြီလို့ပြောချင်ပါတယ် ။ ဆိုက်ထဲမှာ Unicode နဲ့ရေးချင်သူတွေ
အတွက် ကျွန်တော်ပေးထားတာရှိပါတယ် ။ တကယ်တမ်းမှာ က ဆိုက်ကို ပုံမှန်လာရောက်
အသုံးပြုနေတဲ့ သူတွေ အတွက်ပိုပြီး အဆင်ပြေမယ့်နည်းကိုစဉ်းစားပေးရတာပါ ။Mac မှာပါလာပြီဆိုပေမယ့်
Windows မှာပါလာတာမဟုတ်သေးဘူးလေ .. မြန်မာတစ်ပြည်လုံးက Microsoft ဖက်ပြီးမွေးလာကြတာ…
ပြီးတော့ အင်တာနက် ကဖေးတွေမှာကလည်း Unicode နဲ့ သိပ်အဆင်မပြေသေးတာကြောင့်ပါ ။ ”
ဟုFriendsmyanmar ကိုယူနီကုတ် စနစ်ပြောင်းမသုံးသေးဘူးလား လို့ မေးလာခဲ့သူများအပေါ်
Admin Aung Aung မှ ရှင်း ပြခဲ့သည်In : အထွေထွေ
Web နည်းပညာကို လေ့လာလိုက်စားသူ Freelance Developer တစ်ဦး ။ စိတ်ပါလျှင်ကဗျာတွေစာတွေလည်းရေးတတ်သူ။