အမြဲတမ်းအတွက် အခမဲ့ဖြစ်စေရမယ် လို့ ဆိုထားတဲ့ Ubuntu Linux ဟာ အခုအချိန်မှာ Mobile
အတွက်လည်း OS စနစ် တစ်ခုအသက်သွင်းတော့မယ်လို့ ဆိုပါတယ် ။ အိုင်တီလောကမှာတော့
နောင်တစ်ချိန်မှာ Ubuntu ဟာ အွန်လိုင်းလောကမှာဦးဆောင်သူဖြစ်လာမလားလို့သုံးသပ်နေကြပါပြီ။
အခမဲ့ Open Source အဖြစ် Mobile လောကထဲမှာ သူ့ထက်စောစော ကတည်းကရှိနေခဲ့တာက
တော့ Android OS ဖြစ်ပါတယ် ။အခု Mobile OS မှာကောင်းမွန်ပြည့်စုံတဲ့ Feature တွေပါဝင်မှာဖြစ်ပြီး
Google ရဲ့ ကူညီထောက်ပံ့မှုကိုလည်း ရယူထားတယ်လို့ဆို ပါတယ် ။
လက်ကိုင်ဖုန်း အသုံးပြုသူတွေအတွက် တော့နောက်ထပ် ရွေးချယ်မှုအသစ်တစ်ခုထပ်ရတာဖြစ်လို့
ဝမ်းသာစရာသတင်းပဲဖြစ်ပါတယ် ။ Android ထက်စာရင်ဘာတွေပိုကောင်းမှာလဲ ? ဘာတွေ
ကတော့လိုအပ်မလဲဆိုတာ User တွေ လက်ထဲရောက်လာတဲ့အခါမှသာ အသေအချာသိရမှာဖြစ်ပါတယ် ။
လက်ရှိ
Mobile ဈေးကွက်မှာတော့ Apple က နေရာကြီးကြီးမားမားရယူထားပြီး Android ကလည်း နေရာတစ်နေရာရယူ
ထားနိုင်ခဲ့ပါတယ် ။ Windows နဲ့ BlackBerry ကတော့ သေးငယ်တဲ့ဈေးကွက်ဝေစုကိုသာရယူနိုင်ခဲ့ပါတယ်။
အဟန့်အတားအနေနဲ့ ကတော့နည်းပညာနဲ့ အကျွမ်းတ၀င်မရှိတဲ့ User တစ်ယောက်အတွက် Ubuntu က
အကောင်းဆုံးဖြစ်လာနိုင်ပါ့မလား ဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ် ။
"Ubuntu ဟာ အင်အားကောင်းလာပြီလို့ကျွန်တော်ပြောနိုင်ပါတယ် ။ UI ဟာ Open Source ရဲ့ကောင်းဆုံးသော
အချက်တွေကိုTablets တွေအတွက်လည်း ဖန်တီးပေးခဲ့ပါတယ် ။အဲဒါဟာ Electronic Devices တွေအပေါ်တင်းကျပ်
တဲ့ စီးပွားရေး ထိမ်းချုပ်မှုတွေမရှိစေဖို့ ကူညီနေတာလည်းဖြစ်ပါတယ် " လို့ Webtrends software
ရဲ့နည်းပညာဗိသုကာ Robin Balmer ကသူ့အမြင်ကိုပြောပြခဲ့ပါတယ် ။

MOLLY MCHUGH ရဲ့ Ubuntu's going mobile ကိုမြန်မာမှုပြုထားတာဖြစ်ပါတယ် ။လွဲချော်မှုရှိခဲ့ရင် ကျွန်တော်
ဘာသာပြန်တာညံ့လို့ဖြစ်ပါလိမ့်မယ်။