Mandalay Barcamp 2012 မကြာမီ
Posted by aung aung on Tuesday, January 10, 2012 Under: အထွေထွေ

ဘားကန့် မန္တလေးအား ၂၀၁၂ ဖေဖော်ဝါရီလအစောပိုင်းတွင် ပြုလုပ်ရန် Organizing Team မှ အကြိုဆွေးနွေးမှူပြုလုပ် ရာ လေးရက်နေ့ နှင့်ငါးရက်နေ့ တွင် အဆင်ပြေမပြေအဓိက ထားဆွေးနွေးခဲ့သည်။၁၃ ရက်နေ့  အင်္ဂါနေ့ ညနေ လေးနာရီ ရွှေဖြူပလာဇာ MCPA အစည်းအဝေးခန်းမ တွင် ဒုတိယာအကြိမ် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ရန် တက်ရောက်လာသော အသင်းဝင်များမှ အစီအစဉ်ပြုလုပ်ခဲ့ပါတယ်။
ဒုတိယအကြိမ်အစည်းအဝေးအား
မနက် ကိုးနာရီ ခန့် တွင်စတင်ခဲ့ပြီး နီးကပ်လာသော ဘားကန့် အတွက် အသေးစိတ် လုပ်ငန်းစဉ်များချမှတ်ခဲ့ကြပါတယ်။
ဗော်လန်တီယာအဖြစ်ပါဝင်ဆောင်ရွက်လိုသူများအား လက်ခံစာရင်း ပေးသွင်းရန်အတွက် အစီအစဉ်များ Online Live Media အတွက် ကိစ္စရပ်များ အသေးစိတ်အစီအစဉ်များအား တက်ရောက်လာကြသူများမှဘားကန့် ဖြစ်မြောက်ရေးအတွက် ကဏ္ဍအသီးသီးမှဆွေးနွေးခဲ့ပါတယ်။
အသေးစိတ်အချက်အလက်များတိုင်ပင်ရန်နှင့် အချက်အလက်များသေချာစွာထုတ်ပြန်ကြေငြာနိုင်ရန် နောက်ထပ်
အစည်းအဝေးသစ်တွင်ဆုံးဖြတ်မည်ဖြစ်ကြောင်းသိခဲ့ရပါတယ်။
အစည်းအဝေးဆုံးဖြတ်ချက်အတည်ဖြစ်သွားပြီဆိုတာသိရပါတယ် ။အောက်မှာကူးယူခဲ့တဲ့အတိုင်းဖော်ပြလိုက်ပါတယ်...
ဖေဖော်ဝါရီ (၄) ရက်နှင့် (၅) ရက်နေ့များတွင် မန္တလေးမြို့၊ ၇၇ လမ်းနှင့် ၇၈ လမ်းကြား၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊ ရွှေဖြူပလာဇာ ဒုတိယထပ်တွင် ကျင်းပမည့် ဘားကမ့်မန္တလေး ၂၀၁၂ (Bar Camp Mandalay 2012) အတွက် Volunteer များအား ဖိတ်ခေါ်ပါသည်။ ယမန်နှစ် ပထမအကြိမ်ကျင်းပသည့် ဘားကမ့်မန္တလေး ၂၀၁၁ က တက်ကြွစွာပါဝင်ခဲ့ကြသည့် Volunteer များနှင့်အတူ လာမည့် ဘားကမ့်ကျင်းပရာတွင် အောင်မြင်အဆင်ပြေချောမွေ့စေရေးအ
In : အထွေထွေ