Mc Will (Multi Crrrier Wire-less Information Local Loop) 3.5 Generation (3.5 g) တယ်လီဖုန်းအား ရန်ကုန်နှင့် မန္တလေးတွင် ဒေတာ သုံးစွဲနိုင်ရန် စမ်းသပ်လျက် ရှိကြောင်း ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက်၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ အဆိုပါ တယ်လီဖုန်း စနစ်အား စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် ၅ မြို့နယ်တွင် တပ်ဆင်ထားပြီး ဖြစ်ကာ ဆက်လက်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည် မြောက်ပိုင်း၊ ရှမ်းပြည် အရှေ့ပိုင်း၊ ရခိုင်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်း ဒေသကြီး တို့ရှိ မြို့နယ် စုစုပေါင်း ၂၁ မြို့နယ်တွင် ဆက်လက် တပ်ဆင်ရန် ဆောင်ရွက်လျက် ရှိသည်။ Mc Will သည် မိုဘိုင်း တယ်လီဖုန်း မျိုးဆက် 3.5 Generation ကြိုးမဲ့ တယ်လီဖုန်း စနစ် ဖြစ်ပြီး Voice နှင့် Internet အား အဓိက ၀န်ဆောင်မှု ပေးမည့် မိုဘိုင်း တယ်လီဖုန်း စနစ်ဖြစ်သည်။ လက်ရှိတွင် 400 MHz Frequency ကို အသုံးပြု ထားပြီး ITU (International Tele Communications Union)- M 1801 ရရှိထားသော မိုဘိုင်း တယ်လီဖုန်း စနစ်ဖြစ်သည်။ အဆိုပါ တယ်လီဖုန်းဖြင့် Internet (Broadband Data), Voice, Fax, SMS, Radio Trunking (PTT), Video (Video On Demand), Multimedia and Entertainment စသည့် ၀န်ဆောင်မှုများ ရရှိမည့် ဖြစ်သည်။ ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူ တစ်ဦး ပြောကြားချက် အရ အဆိုပါ ပုံ အသုံးပြုရန် သင့်ငွေ ၆ သိန်းဝန်းကျင်ခန့်သာ ကျသင့်မည် ဖြစ်ကြောင်း သိရသည်။
In : နည်းပညာသတင်း