မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြုစာမေးပွဲများကို 2010
ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်နေ့ နံနက် (၉း၀၀) နာရီမှ နေ့လည် (၁၂း၀၀) အထိ
ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေ မြန်မာအင်ဖိုတက်ခ်တွင် ကျင်းပမည်ဖြစ်ပြီး
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသင်းခွဲများရှိရာ မန္တလေး နှင့်
တောင်ကြီးမြို့များတွင် တပြိုင်နက် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း၏ စာမေးပွဲများမှာ
အိုင်တီပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းပြုလို သော
ကျောင်းသူကျောင်းသား များ၊ အသင်းဝင်များအတွက် အရည်အချင်းကို
မှတ်ကျောက်တင်အသိအမှတ်ပြုခံနိုင်ရေး အတွက် ဦးတည်စစ်ဆေးသော
စာမေးပွဲများဖြစ်သည်။
စာမေးပွဲများကို MCPA Certified Fundamental
Software Engineer နှင့် MCPA Certified Network Associate ဟူ၍ Software
Engineer များအတွက်နှင့် Network Engineer ဖြစ်လိုသူများအတွက်
ခွဲခြားထားသည်။ ၄င်းစာမေးပွဲများမှာ Professional နယ်ပါယ်သို့
စတင်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်သော အသိပညာများနှင့် ကျွမ်းကျင်မှုများကို
ဦးတည် စစ်ဆေးသော စာမေးပွဲများဖြစ်သည်နှင့်အညီ စာမေးပွဲအောင်မြင်သူများသည်
ပညာရှင်နယ်ပါယ်တွင် စတင်လုပ်ကိုင်သည့် အခြေအနေသို့ရောက်မည်ဖြစ်သည်။
အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊
အဆောင်(၄)၊ အခန်း(၄)၊ မြန်မာအင်ဖို တက်ခ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊
ဖုန်းနံပါတ် ၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။
In : အထွေထွေ