
MPT ကဘာတွေကြံနေပြန်ပြီလည်းမသိပါဘူး ။ မေးလ်စနစ်ကိုပိုကောင်းအောင်
ပြုပြင်မယ်လို့အကြောင်းပြပြီး စစ ချင်း Login ၀င်ရင် Acceptလုပ်ခိုင်းပါတယ် ။
ဒီနေရာမှာတင် သံသယဖြစ်ဖို့ကောင်းနေပြီ ..... Accept ကိုနှိပ်လိုက်ချိန်မှာ
နောက်ကွယ်က ဘယ်လိုကုတ်တင်တွေဖန်တီးထားလည်းကိုယ်မသိနိုင်ပါဘူး ။
Countလုပ်ပြီး ကျွန်တော်တို့ ၀င်ကြည့်သမျှဆိုက်တွေကို မှတ်ထား လိမ့်မယ်လို့ထင်တယ် ။
နောက်ပြီး ကျွန်တော်တို့ ရဲ့ G mail Password တွေကိုလည်း ခိုးယူဖို့လုပ်နေတယ်
လို့မြင်တယ် ။ Fibre လိုင်းမှာ G mail ကိုခေါ်ရင် Security Notification အရင်တတ်လာတယ် ။
အဲဒါက ကျွန်တော်သုံးတဲ့ Firefox Browser ကနေ ပြပေးတဲ့ Message ပါ ။ ဆက်သွယ်ရေးက
ပြပေးတာမဟုတ်ပါဘူး ။ ဘာလို့ပြပေးရတာလဲ ၊? အရင်တစ်ခါက အစိုးရကနေပြီးအများပြည်သူ
ရဲ့ Personal Mail တွေကိုဖောက်ဖတ်ဖို့ကြိုးစားနေတယ်လို့ ဘလော့တစ်ခုမှာဖတ်ရတော့ နည်းပညာ
နယ်ပယ်က ဘလော့ဂါတစ်ဦးကလည်း မဖြစ်နိုင်မှန်း ပြန်ရေးပြခဲ့ပါတယ် ။

ဒါပေမယ့် အခုလိုနည်းနဲ့ ဖတ်မယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။
ဆက်သွယ်ရေးက ပြည်သူတွေအဆင်ပြေလွယ်ကူအောင်ဘာမှမလုပ်ပေးတဲ့အပြင်
VOIP ခေါ်ဆိုမှုကိုပိတ်တာမျိုး အင်တာနက်ဆိုင်တွေမှာ Keylogger သုံးပြီးလာသုံးတဲ့
သူတွေကိုစီစစ်ဖို့ခိုင်းစေတာမျိုးတွေလုပ့်ခဲ့တာကြောင့် အင်တာနက်ဆိုင်တော်တော်များများပိတ်ပြစ်လိုက်
ရပါသေးတယ် ။
မြန်မာ့ဆက်သွယ်ရေးက အသုံးပြုသူ တွေအပေါ်မှာ ညစ်ပတ်တာ ... လူတိုင်းသိပြီးသားဖြစ်မှာပါ ။
ဒါတွေကို မှန်ပါတယ်လို့ သက်သေပြစရာမရှိပါဘူး ။ ချင့်ချိန်နိုင်ဖို့ သာရေးပြီးတင်ပေးလိုက်တာပါ ။