ဒီနေ့လည်းလမသာဘူး

ကမ္ဘာကလည်းစောင်းမြဲစောင်းတယ်။

မိုးကလည်းရွာမြဲရွာတယ် ။

မင်းင့ါကိုနားမလည်ဘူး

ငါလည်းမင်းကိုနားမလည်ဘူး ။

ဒါဆို........................................

နားလည်ဖို့မလိုအပ်တော့ဘူးလား?။

မလိုချင်ဆုံးက

ကိုယ့်ရှေ့မှာပြောတဲ့တစ်ခြားသူအကြောင်း

မင်း ရယ်မပြပါနဲ့ Please

စတော်ဗယ်ရီလိုအသံချိုချိုတွေမကြားချင်လို့ပါ။

မအိပ်ရသေးတဲ့ ရီဝေမျက်ဝန်းရယ် ။

ဇော်ပိုင်ရဲ့ အလွမ်းသီချင်းရယ် ...

ငါရယ် ................

မင်းကိုမျှော်တတ်တဲ့နှလုံးသားရယ် ။

လုံလောက်ပါပြီ ။