
လူတိုင်းသိတဲ့လူတစ်ယောက်ကပြောခဲ့ဖူးသည်
သက်ရောက်မှုတိုင်းမှာတန်ပြန်သက်ရောက်မှု
ရှိတယ်.. ဟု။
ထိုနိယာမမှားပါသည်။
မှားကြောင်း သက်သေပြနိုင်ပါသည်။
ကျေးဇူးတင်ပါသည်။
ချဲဆီးနှင့်မန်ယူဘယ်သူခြေစွမ်းသာသည်ကို
အမှန်မသိ ခဲ့ပါ။
အကယ်ဒမီငါးဆုရဇာတ်ကား
မနေ့ကရုံတင်လိုက်မှန်းလည်းမသိခဲ့ပါ။
ညီမ၀မ်းကွဲတစ်ယောက်လင်နောက်လိုက်ပြေးသွားမှန်း
မသိခဲ့ပါ။
ဒိုတာ တွင်ပထမရသွားသောမြန်မာ Player ကိုလည်းမသိပါ။
ကျောင်းမှ
Queen ရသွားသောကောင်မလေးကိုလည်းတစ်ခါမှမသိပါ။
အိမ်ရှေ့
ကစိန်ပန်းပင်ကြီး အရွက်မရှိတော့တာကိုလည်း မသိခဲ့ပါ။
အောင်အောင်သည်အရာရာနောက်ကျပြီးမှ
သိနားလည်သူဖြစ်ပါသည်။
နင်က
အရမ်းခင်ဖို့ကောင်းတာပဲဟုပြောဖူးသူတစ်ဦး
အကြောင်းရင်းမသိရပဲ
ဘလော့လုပ်သွားခဲ့ပါသည်။
မောင်လေးကိုမမကူညီမယ် Passport
လုပ်ထားဟုပြောဖူးသူတစ်ဦး
အွန်လိုင်းတွင်မတွေ့ တော့ပါ။
Singapore
တွင် Connection ကျနေသောကြောင့်ဖြစ်ပါလိမ့်မည်။
အကူအညီလိုမှပေါ်လာပြီးကျန်သည့်
အချိန်တွင်ပျောက်နေတတ်သူများ အပေါ်
မကျေနပ်ခြင်းဒေါသမရှိပါ။
လူပီသသူတို့
အကြားနေထိုင်ခွင့် ရခြင်းအတွက်
ကျေးဇူးတင်ပါသည်။
အချိန်မှန်
နှိုးသည့်  နာရီစုတ်လေးသည်
အရိုးရှင်းဆုံးပိုင်ဆိုင်မှုဖြစ်ပါသည်။
မနက်တိုင်းသောက်သည့်ကော်ဖီတစ်ခွက်သည်
အရိုးရှင်းဆုံးကြွယ်ဝမှုဖြစ်ပါသည်။
အချိန်မှန်လာခေါ်တတ်သည့်သူငယ်ချင်းများသည်
ကျွန်တော့အတွက် အရိုးရှင်းဆုံးပျော်ရွှင်မှုဖြစ်ပါသည်။
ကျေးဇူးတင်ပါသည်။
Aung Aung