ပုံပြင်လေးတစ်ပုဒ်
Posted by aung aung on Wednesday, September 1, 2021 Under: ေပ်ာ္စရာ
"ပုံပြင်လေး တစ်ပုဒ်"
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်
ဗာလချောင်ဆိုတဲ့တိုင်းပြည်ကြီးမှာ ဗာလချာဆိုတဲ့ဘုရင်ကြီးတစ်ပါးကမင်းလုပ်အုပ်ချုပ်
သတဲ့ကွယ် ။အဲဒီဗာလချာမင်းကြီးမှာတဲ့ အင်မတန်မှလှပချောမောတဲ့ မင်းသမီးလေး
တစ်ပါး ရှိတယ် လို့မထင်ပါနဲ့ မရှိပါဘူးတဲ့။
အဲဒီတိုင်းပြည်မှာပဲ ဆွံ့အနားမကြားတဲ့ သူတောင်းစားလေးတစ်ယောက်လည်းရှိသတဲ့။
နေ့စဉ်နေ့တိုင်း သူတောင်းစားလေးဟာ ဈေးထောင့်တစ်နေရာမှာထိုင်တောင်း သတဲ့
ကွယ် ။ တစ်နေ့မှာတော့ ဘုရင်မင်းတြားကြီးတိုင်းခန်းလှည့်လည်စဉ် သူတောင်းစား
လေးကိုတွေ့ပြီး သနားတဲ့စိတ်ဖြစ်မိသတဲ့ ။ ဒါနဲ့ဘုရင်ကြီးက သူတောင်းစားလေးဆီကို
သွားပြီး ယာဂုတစ်ပန်းကန် ကျွေးသတဲ့ ။
ငတ်နေတာကြာပြီဖြစ်တဲ့ သူတောင်းစားလေးကတော့ အင်မတန်ဝမ်းသာသွားတာပေါ့။
အလျှင်အမြန်ပဲ ယာဂုကိုသောက်ဖို့လုပ်တဲ့အချိန် သူတောင်းစားလေးထက်ပိုမြန်တဲ့
ဘုရင်ကြီးက ယာဂုပန်းကန်ကို ပြန်ယူသွားသတဲ့ ။ ယာဂုသောက်ရင် စိတ်ကိုငြိမ်ငြိမ်ထား
ပြီးသောက်ဖို့ ပူရင်မှုတ်သောက်ဖို့ ကိုသေသေချာချာမှာကြားပြန်သတဲ့ ။ သူတောင်းစား
လေးက နားမကြားတော့ဘုရင်ကြီးဘာပြောနေလည်းမသိပါဘူး သူ့ခမျာစားရခါနီးမှပြန်
ယူသွားတာကြောင့် ခဏနေတော့ပြန်ပေးမလားဆိုပြီးစောင့်နေတာပါ ။
ဒါပေမယ့်ဘုရင်ကြီးကစိတ်ပြောင်းသွားပါတယ် ။
ယာဂုဆိုတော့ခဏနဲ့ဗိုက်ပြန်ဆာမှာပေါ့ ။ဒီတော့ ထမင်းပဲကျွေးတာကောင်းပါတယ်ဆို
ပြီး ထမင်း သွားဝယ်ခိုင်းသတဲ့ ။ သိပ်မကြာခင်မှာပဲ ထမင်းတစ်ပန်းကန်သူတောင်းစား
လေးရှေ့ရောက်လာပြန်တယ်။ ဆာနေပြီဖြစ်တဲ့သူတောင်းစားလေးအရမ်းဝမ်းသာပြီး
အလျှင်အမြန်လက်လှမ်းလိုက်တဲ့အချိန် ဘုရင်ကြီးက ထမင်းပန်းကန်ကိုပြန်ယူသွားပြန်ပါ
ရောတဲ့ ။ ဘုရင်ကြီးက စီးပွားရေးအကြောင်းကိုပြောပြသတဲ့ ဒီထမင်းကို တစ်ခြားသူတောင်း
စားကိုပြန်ရောင်းပြီး အခုတောင်းလို့ရတဲ့အထဲက နည်းနည်းထက်ဖြည့်ရင်ပိုကောင်းတဲ့
ထမင်းရတယ်ဆိုပြီး တော့ပေါ့ ။ သူတောင်းစား
လေးက နားမကြားတော့ဘုရင်ကြီးဘာပြောနေလည်းမသိပါဘူး သူ့ခမျာစားရခါနီးမှပြန်
ယူသွားတာကြောင့် ခဏနေတော့ပြန်ပေးမလားဆိုပြီးထပ်စောင့်နေရပြန်ပါသတဲ့။
လျှာရှည်တဲ့ဘုရင်ကြီးဟာ လက်တွေ့ပြမယ်ဆိုပြီးအဲဒီထမင်းကို တစ်ခြားသူတောင်းစားကိုသွားရောင်းခိုင်း
လိုက်ရောတဲ့ ။ တစ်ရက်နေမှတစ်ရက် အနိုင်နိုင် တောင်းစားရတဲ့သူတောင်းစားတွေဟာ
အဲဒီထမင်းတစ်ပန်းကန်ကို မဝယ်နိုင်သလိုဝယ်လည်းမဝယ်ချင်ကြပါဘူး။ဒါပေမယ့်
ဘုရင်ကြီးရောင်းခိုင်းတာဆိုတော့လည်း သူတောင်းစားဆယ်ယောက်စုပြီးဝယ်ပေးလိုက်ရ
သတဲ့ အဲဒီပိုက်ဆံနဲ့ နောက်တစ်ပန်းကန်ဝယ်ပြီးဘုရင်ကြီးဆီလာပေးကြသတဲ့။
ဘုရင်ကြီးက ထမင်းပန်းကန်ကိုသူတောင်းစားဆီထိုးပေးပြန်ပါသတဲ့ ။
ဒီတစ်ခါတော့သူတောင်းစား လေးက သူမစားရသေးခင်ပြန်ယူသွားမှာကိုကြောက်တတ်
လာပါပြီ ။ဒီတော့ ဘုရင်ကြီးပြန်မယူခင်စားမယ်ဆိုပြီး ချက်ချင်း တစ်လုပ်ကိုခပ်မြန်မြန်
နှိုက်စားလိုက်တာနဲ့ဘုရင်ကြီးက ပန်းကန်ကိုပြန်ယူသွားပါရောတဲ့ ။
သူတောင်းစားလေးကတော့ စိတ်တော်တော်ညစ်နေပါပြီ။တကယ်တော့
ဘုရင်ကြီးကစိတ်ပြောင်းသွားတာပါ ။ သူက သူတောင်းစားလေးက ထမင်းတော့ တောင်း
ရမ်းစားသောက်ဖူးမှာပါ ခေါက်ဆွဲတော့မစားဖူးလောက်ဘူးဆိုပြီး အခုထမင်းအစားခေါက်
ဆွဲ တစ်ပွဲသွားဝယ်ခိုင်းပြန်ပါသတဲ့ ။သူတောင်းစားလေးအတွက်ကတော့ထမင်းမှ ခေါက်ဆွဲ
မှ မဟုတ်ပါဘူး ဗိုက်ပြည့်ဖို့ကအဓိကပါ ။အခုဆိုရင်စားရနိုးစားရနိုးနဲ့ စောင့်နေတာ
အချိန်တော်တော်ကိုလင့်သွားပါပြီ။ အရင်တုန်းကလည်းဆာနေတဲ့ဗိုက်ဟာအခုလည်းဆာ
နေဆဲပါပဲ တဲ့။သိပ်မကြာခင်မှာပဲ ခေါက်ဆွဲပန်းကန်ရောက်လာပါတယ် ။
ဒါပေမယ့်သူတောင်းစားလေးမနှိုက်ခင်မှာပဲ ဘုရင်ကြီးကပြန်ယူသွားပြန်ပါသတဲ့ ။
အရင်ကဆာယုံပဲဆာတဲ့သူတောင်းစားလေးဟာဘုရင်ကြီးနဲကတွေ့မှဟင်းအနံ့အမျိုးမျိုးပေးပြီး
တကယ်လည်းမစားရပဲ နှိပ်စက်ခံနေရလို့ပိုလို့တောင် စိတ်ဒုက္ခရောက်ပြီးနေတာပေါ့ကွယ်။
တကယ်တော့ဘုရင်ကြီးကစိတ်ပြောင်းသွားတာပါ ။ခေါက်ဆွဲက ဘိုးဘွားတွေကန်တော့
ရင် တင်မြှောက်ရတာဆိုတော့မကျွေးသင့်ဘူးလို့တွေးမိတာကြောင့်ပါ ။
ဒါပေမယ့် ခေါက်ဆွဲကိုဘယ်လိုစားရမယ်ဆိုတာတော့ စေတနာထားပြီးသင်ပေး တာပေါ့ကွယ်
သူတောင်းစားလေးက နားမကြားတော့ဘုရင်ကြီးဘာပြောနေလည်းမသိပါဘူး သူ့ခမျာစားဖို့
ပေးလိုက် ပြန်ယူသွားလိုက် စားဖို့ပေးလိုက်ပြန်ယူသွားလိုက်လုပ်နေတဲ့ဘုရင်ကြီးကြောင့်
နေရာမှာတင်လဲသေချင်အောင်စိတ်ဓါတ်ကျနေပါပြီ ။ခုအချိန်တစ်ခြားသွားတောင်းရင်ထမင်း
တစ်နပ်စာတော့တောင်းလို့ရလောက်ပြီလို့လည်းတွေးပြီးဝမ်းနည်းနေတာပေါ့ ။
သူတောင်းစားလေးကို သူဘယ်လောက်စေတနာထားကြောင်းပြသချင်တဲ့ဘုရင်ကြီးကဒန်ပေါက်တစ်ပွဲ
ဝယ်ပြီးယူခဲ့ခိုင်းသတဲ့ ။ သိပ်မကြာခင်မှာ ဒန်ပေါက်ပန်းကန်ဟာသူတောင်းစားလေးရှေ့ရောက်
လာချိန်မှာတော့ သူတောင်းစားလေးဟာ ရှိုက်ကြီးတငင်ငိုကြွေးပါလေရောတဲ့ ။
သူတောင်းစားလေးကသူမစားခင်ပြန်ယူသွားမယ့်ဒန်ပေါက်ပန်းကန်အတွက် ကြေကွဲပြီးငိုတာ
ဖြစ်ပေမယ့်စကားမပြောတတ်တဲ့ သူတောင်းစားလေးရဲ့မျက်ရည်ကိုဘုရင်ကြီးကနားလည်မှု
လွဲသွားပါတယ် ။ အင်း ဒန်ပေါက်နဲ့မတည့်လို့ငိုတာပဲ ဆိုပြီးရွှေညာဏ်တော်စူးရောက်ပြန်တာ
ကြောင့်ဒန်ပေါက်ပန်းကန်ကို လည်းပြန်ယူသွားပါသတဲ့ကွယ် .............
ပုံပြင်လေးကတော့ဒါပါပဲကွယ် ......................ေိေိေိ
In : ပျော်စရာ
Web နည်းပညာကို လေ့လာလိုက်စားသူ
Freelance Developer တစ်ဦး ။ စိတ်ပါလျှင်ကဗျာတွေစာတွေလည်းရေးတတ်သူ။