တစ်ခါတုန်းက
Posted by aung aung on Wednesday, September 1, 2021 Under: ေပ်ာ္စရာ
ကျွန်တော် ဒီ ထောင်ချိုးလေးမှာ လာလာစောင့်နေတာ ဒီနေ့နဲ့ဆိုသုံးရက်ရှိနေပြီ ..
ဘေးတိုက်က အန်တီကြီးဆီကနေ ဒီကောင်လေး ထမီခိုးဖို့လား ... လုံချည်ခိုးဖို့လား တစ်ခုခုပဲ ဆိုပြီး မျက်လုံးပြူးပြူးပြီး ကြည့်တာကို မသိချင်ယောင်ဆောင်ပြီးသည်းခံခဲ့တာလည်း အခုဆို သုံးရက်တိတိရှိနေပြီ ...
ခညားလည်းငယ်ရာကကြီးလာတာပဲ မဟုတ်ဘူးလား ကျုပ်ချစ်သူကျူရှင်ဆင်းတာကို ရပ်စောင့်နေတယ်ဆိုတာ ခင်ညားကြီးနားမလည်ချင်ယောင်ဆောင်နေတာလား.....ဟင်း ဆိုတဲ့ မျက်လုံးကြီးနဲ့ကျွန်တော်က မျက်စောင်းလှမ်းထိုး ပြီးပြန်ကြည့်တော့ အန်တီကြီးကလည်း မသိဘူးဟေ့ ငါ့ထမီတွေ ပျောက်လို့ကတော့ နင် ပဲ ဆိုတဲ့မျက်လုံးကြီးနဲ့မျက်စောင်းပြန်ထိုး ရော ...
အဲ အဲ အဲ့သလို မျက်လုံးစကားပြောပြီးတော့ချစ်သူလေးကိုစောင့်ရသည်ပေါ့လေ
အန်တီကြီးတွေများ ... အလိုက်ကမ်းဆိုးကို မသိ ... အဲ့ဒါကြောင့်လည်း ရုပ်ကြီးက ကျက်သတုံးရုပ်ကြီးဖြစ်နေတာ .. အပေါ်စီးက ကြည့်ကြည့် အောက်ကပင့်ကြည့်ကြည့် ကျက်သတုံးရုပ်ကြီးပဲ ..... ဟွန်းးးးးး
ထားပါတော့ ဒီနေ့ တော့ crush ကို ပြောဖြစ်အောင်ဖွင့်ပြောလိုက်တော့မည် .. ဒါမှ နောက်နေ့ ဒီမှာ ယောင်လည်ယောင်လည် လာစောင့်စရာမလိုတော့မှာ ...
ပြောသာပြောတာတကယ်တမ်းတော့ကြောက်သည်..
ကြောက်နေလို့ပဲ သုံးရက်ဖြစ်သွားတာ ...
ကောင်မလေးက ဒီရှေ့ကဖြတ် .... ကျွန်တော့်ကိုတွေ့ .. ရှေ့ဆက် ..
ကျွန်တော်ဇောချွေးပြန် .. အေးဆေးရတယ် ဆိုပြီး ခြေထောက်တွေက ကျောက်ချသလို မထွက်တော့ ... ဒီလိုနဲ့ တစ်ရက်ကုန် .... ဟားးးးးး
ကဲ .... ဒီပုံနဲ့တော့ ရည်းစားဖြစ်ကိန်းမမြင် .... (သူကလည်းကြိုက်တဲ့ပုံနည်းနည်းမှမပေါ်ပါဘူး .. ဒါပေမယ့်ကိုယ့်အတွေးနဲ့ကိုယ်ပဲ )
သြော် .. ပြောရဦးမယ် .. အဲ့ဒီ အချိန်က အခုအချိန်တွေလို ဖုန်းတွေ မပေါသေးဘူး .. အင်တာနက်တွေ ဘာတွေဆိုတာလည်း စျေးကြီးသေးတယ် နောင်လတ်လို ဘောစိတွေပဲ အင်တာနက် သုံးနိုင်တာ ... သူ့ ဇာတ်လမ်းထဲကြည့်ကြည့် ..ကိုယ့်ဇာတ်လမ်းကတော့ အဲ့လောက် ထိ ဟုတ်သေးဘူး .. လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင် အဆင့်ပဲ ...
ဘာ ? ကောင်မလေး ချောလား ??? မေးမှမေးတတ်ပလေ ...
ကျွန်တော့်ကောင်မလေးလား ... အရမ်းလှ အရမ်းချော ... သေချာကြည့်ရင် အဲ့ဒီ အချိန်က တတ်သစ်စ မင်းသမီးလေး ဝိုင်းစုခိုင်သိန်း နဲ့ တထေရာတည်း ...
နာမည်လေးကလား?? နွေဦးမှာပွင့်တဲ့ပန်းပွင့်လေး ရဲ့နာမည်ဗျ ..
ဘာပန်းလဲ သိချင်လား??? သတ်ရင်သတ်လိုက် မပြောပြဘူး ... ကျုပ်ချစ်သူနာမည်ကို ခင်ဗျားကသိသွားရင် ဖွဘုတ်မှာလိုက်ရှာမှာ ရှာရင်တွေ့သွားမှာ .. တွေ့ရင် ချစ်သွားမှာ.. အာ့ကြောင့် မပြောဘူး .. ဆိုင်ဆိုင် -မဆိုင်ဆိုင် ဘုရားမှာ အဲ့ဒီပန်းချည်းထိုးလို့ အမေက ဒီကောင်လေးအရင်က ဘုရားနဲ့ရန်ဖြစ်ထားပြီး အခုမှ ဘုရားလာသတိရနေတယ်လို့တောင် အပြောခံရသေး....
နောက်တစ်သြော် .. .နောက်တစ်ခု...
ဒီအဖြစ်အပျက်က ပထမ တင်ပေးတဲ့ အဖြစ်အပျက်ထက် အများကြီး စောတယ်ဗျ ...
ဟော ..... ခင်ဗျားကို ရှင်းပြနေတုန်း ကျုပ်ချစ်သူ ဝိုင်းစုခိုင်သိန်းလေး ကျူရှင်ဆင်းလို့ ထွက်လာပြီ ..
ခေါင်းလေးငုံ့လို့ ....... ထီးလေးဆောင်းလို့ .... ကျောပိုးအိတ်လေးနဲ့ ... အို ... လှလိုက်တာ .....
တကယ်လို့များလောကရဲ့ ဟောဒီ ကောင်းကင်ယံကြီးအောက်မှာ သူလေးနဲ့ ကိုယ် နဲ့ နှစ်ယောက်တည်းသာရှိနေမယ်ဆိုရင် ကြယ်လည်းမလို လလည်းမလို .. ကမ္ဘာဘာဦးက ငှက်ပျောသီး .. သီး .. သီး....
အဲ့ .. ငါ့ရှေ့ကကျော်တတ် သွားပြီ ... လိုက်ဟ .. မြန်လိုက်တဲ့ခြေလှမ်း ....
ဒီနေ့ ထပ် ပြီး ဘာမှမပြောဖြစ်ရင်တော့ နက်ဖြန် ဟိုအန်တီကြီးထွက်ရိုက်လိမ့်မယ် ...
ဒီလိုနဲ့ကောင်မလေးဘေးမှာယှဥ်လို့ ရောက်လာပြီ .. ဟောဟဲ .. ဟောဟဲ .....
အနားကပ်မိမှပဲ ဖြူဖွေးနေတဲ့အသားအရေနဲ့ အို ... ချစ်သူလေးက လှလိုက်တာ ...
ရုပ်ချည်းဆိုသလို လက်တွေ ပြန်ပြီး ခြေတွေအေးစက် ... အာခေါင်ထဲ တစ်ခုခုရှိနေသလိုလို ဘာပြောရမှန်းမသိတော့ ..
ကောင်မလေးက ခေါင်းငုံ့ထားရင်းက ခြေလှမ်းကို ထပ်သွက်လိုက်ဖို့ပြင်သည်.. ဘာတွေကြားရတော့မယ်ဆိုတာသူသိနေပြီကိုး ...
မှန်ကြောင် အောင်ကြီး မြန်မြန်ပြော .. ဒီနေ့မှမပြောရင် တစ်သက်လုံးမပြောရတော့ဘူး အားတင်းစမ်း ... ယောက်ကျားပဲ ရည်းစားစကားလေးပြောဖို့ကို ကြောက်နေသေးတယ် ... ဂါးးးးး ပြောစမ်း ပြောပစ် .. ချစ်တယ်လို့ပြော ....
...
ဟိုလေ ... ဟို ....... ညီမလေး ...
ကျွန်တော် ချောငယ်ကို ချစ်တယ် ....
..
..
ဟိုက် ရှ် ... မှားပဟ ...
(ကောင်မလေးနာမည်က ချောငယ်မဟုတ်)
အမ် ...
ကောင်မလေးကအံ့သြသလိုကြီးတစ်ချက်ကြည့်တယ် ..
ဟိုဟို ... ယောင် ယောင်ပြီး မှားခေါ် .. ဟို ... အဲ့ ...
ဒီလို နဲ့ ဟိုလို .. အဲ့လို ကြီးလေ .. အဲ့လယ် အဲ့လယ် ...
ဟာ ....
လူက မျက်ရည်ပါကျချင်လာသလို..
အဲ့ ဒီ ချောငယ်ဆိုတာက ဘယ်သူလဲ ကျွန်တော်ကိုယ်တိုင်လည်းမသိ .. အယောင် ယောင် အမှားမှားနဲ့ ... မှားခေါ််တဲ့နာမည် ..
သွားပြီ ... ဟား .....
နေဦး ချောငယ်ဆိုတာ ချောတယ် လို့ပြောတာနဲ့ ခပ်ဆင်ဆင်ပဲ .. ချောတယ်လို့ပြောတာ ဆိုပြီးပြန်ရှင်းပြမယ် ...
ကိုယ်ကသာ ရပ်ပြီး ယောင်စိန်ဖြစ်နေတာ ...သူမက တော့ ကျွန်တော်နဲ့နှစ်မိုင်အကွာ လောက်ကို အသော့နှင် လို့ ရောက်နှင့် နေပါပြီ ဆိုတာ.....
သြော် .. ဘဝ .. ဘဝ ....
စောင် FA ဘဝ
In : ပျော်စရာ
Web နည်းပညာကို လေ့လာလိုက်စားသူ
Freelance Developer တစ်ဦး ။ စိတ်ပါလျှင်ကဗျာတွေစာတွေလည်းရေးတတ်သူ။