ကျွန်တော့်ချစ်သူသည် အင်မတန်ဖြူစင်ရိုးသားပါသည်။
တစ်ရံတစ်ဆစ်မှ
ဘာလိုချင်သည် ညာလိုချင်သည်ဟုမပူစာပါ ။
ကျွန်တော်နှင့် အမြဲအတူတူရှိနေတတ်ပြီးကျွန်တော့်အလုပ်များကိုလည်း
မငြီးမငြူကူညီလုပ်ဆောင်ပေးတတ်ပါသည် ။ ညနက်သည်အထိ
အလုပ်လုပ်နေခဲ့လျှင်ပင်သူက တစ်ချက်ကလေးမှမငြီးငြူခဲ့ပဲကျွန်တော့်ကိုကူညီရန်အသင့်ရှိခဲ့ပါသည် ။
တစ်ခါတစ်ရံသူ့ကိုအလုပ်တွေနှင့်ပစ်ထားခဲ့ပြီးအိပ်ယာဝင်ခဲ့သည့်တိုင်
စိတ်ဆိုးစိတ်ေ
...ကာက်ခြင်းအလျှဉ်းမရှိပါ ။ ကျွန်တော်နားမလည်သည့်အရာများကို
ပင်သူမကနားလည်နေတတ်ပြီး .. အမှားများကိုမြင်သာအောင်ကူညီပေးတတ်
သေးသည်။သူမသည်ရောင့်ရဲတတ်သူလည်းဖြစ်သည်။
ကျွန်တော်ဆင်ပေးသောအလကားရသည့် BarCamp Logo
လေးဖြင့်ပင်သူမကဂုဏ်ယူဝင့်ကြွားနေတတ်ပါသေးသည်။
သူမသည်ချောကလက်လည်းမစားသဖြင့်ဝယ်ကျွေးရန်လည်းမလိုပါ ချေ။
သူမအမည်မှာ GIGABYTE - E1425 -Mဟူ၍ ဖြစ်ပါသည်။ သူမအမည်မှာ GIGABYTE - E1425 -Mဟူ၍ ဖြစ်ပါသည်။