ဒိုင်ယာယီ

October 11, 2010
 

Cupid ပုံပြင်

October 11, 2010
 

Chatting Sign လေးတွေ

October 11, 2010
:) ၀မ်းနည်းတယ်

:( ပျော်တယ်

;) မျက်စပစ်ပြတာပါ

:O မှဲ့ပြုံးပြုံးသည်

;;) အံ့သြမှင်သက်တာပါ

>:O< ဖက်သည်

:-/ ရောထွေးတာပါ

:x ချစ်တယ် ( x က အသေးနဲ့ပါခင်ဗျာ)

:"> ရှက်သွေးဖြာတာပါ

:P လျှာထုတ်ပြတာပါ

:-* နမ်းတာပါ

=(( အသည်းကွဲနေပါတယ်တဲ့

:-O အံ့သြတာပါ

X( ဒေါသထွက်တာပါ (မှားနေလားတော့မသိဘူးဗျ............ ကျွန်တော်စမ်းကြည့်တာ colour

မပြောင်းသွားဘူးဗျ)

:> ကိုယ့်ကိုယ်ကိုအရမ်းကျေနပ်နေပါတယ်ပေါ့ဗျာ............

b-) အေးဆေးပေါ့.......

:-s စိုးရိမ်တယ်နော်.........

:-@ စူးစူးဝါးဝါးအော်နေတာပါ

>:) သရဲ........... မကောင်းဆိုးဝါး

:(( ငိုနေတာပေါ့

:)) ရယ်နေတာပါ

:L ဖြောင့်မတ်မှန်ကန်တဲ့မျက်နှာထားနဲ့ပြောနေတဲ့သဘောပါ

=; လက်ချင်းယှက်ပြီးစကားပြောနေတယ်ပေါ့

I=) အိပ်နေတယ်နော်.......... (ညီမျှခြင်းရဲ့ရှေ့က i ပါ capital I ပါ )

8-1 မျက်လုံးကစားနေတယ်

1-) ရှုံးနိမ့်သူပါ

:-& နာကျင်ခံစားနေရတယ်လေ

:-$ မပြောပါနဲ့တော့

>:< အရူး

8-} မိုက်မဲတာပါ

(:l သမ်းနေတာပါ

စပြီးတီထွင်လိုက်တဲ့သူကတော့ အမေရိကန်ပြည်ထောင်စု ကာနယ်ဂီ ( Carnegie) တက္ကသိုလ်က

ကွန်ပျူတာပညာရှင် Scott Fahlman ဖြစ်ပြီး 1981 ခုနစ်မှာ ပထမဆုံး စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်
 

စနစ်သစ် သူငယ်တန်းဖတ်စာ

October 11, 2010
  • က-ကလေးမ အလွန်လှ
  • ခ-ခရေပင် ရွှာ အ၀င်
  • ဂ-ဂဏန်းပေါင်း စားလို့ကောင်း
  • င-ငပိန် လူကောင်ရှည်
  • စ-စကျင်ကျောက် အရောင်တောက်
  • ဆ-ဆလုံတွေ ရေမှာနေ
  • ဇ-ဇလုံအောက် အပေါက် ဖောက်
  • ည-ညနေရောက် ထန်းရေသောက်
  • တ-တမာ ရွှက် ရေနဲ့ချက်
  • ထ-ထရံနား ချတွေ စား
  • ဒ-ဒရယ်လေး မျောက်နဲ့ ပြေး
  • ဓ-ဓနိသီး ဓားနဲ့ လှီး
  • န-နဖူးမှာ အမာရွတ် ပါ
  • ပ-ပလွေ ရိုး ခဏခဏကျိုး
  • ဖ-ဖရုံသီး လေးလုံးသီး
  • ဗ-ဗလမောင် ဆံပင်ထောင်
  • ဘ-ဘဘကြီး ဘီယာ သီး
  • မ-မမလေး လင်နောက်ပြေး
  • ယ-ယမင်းခင် ထောက်ချောက်ဆင်
  • ရ-ရထားစုတ် ဘီးတွေပြုတ်
  • လ-လမိုက်ည ထထက
  • ၀-၀လုံးကြီး ခပ်ကြီးကြီး
  • သ-သမိုင်းဟာ လမ်းဆုံပါ
  • ဟ-ဟဟဟူးဟူး နင်လည်းရူး
  • အ-အမလေး ငါထွက်ပြေး ။
 

ပေါက်ပေါက်ရှာရှာကစားရအောင်

October 9, 2010

 

ကျွန်တော်နှင့်သူမ

October 8, 2010

ရင်ခုန်သံတွေပြွတ်သိပ်ထည့်ထားသောဆာလာအိတ်ကြီးနှင့်သူမအနားသို့ သွားခဲ့ဖူးသည်။


သူမသည် ရင်ခုန်သံများထက်ပို၍လှပါသည်။


ရင်ခုန်သံဘယ်လိုလှသလဲ ကျွန်တော်မသိပါ.. သို့သော်သူမသည်ရင်ခုန်သံများထက် အသေအချာပို၍လှပါသည်..


"ဟိတ် ကောင်မလေး……… ကိုယ့်ရင်ခုန်သံတွေမင်းတစ်ယောက်တည်းအတွက်ပရိုမိုးရှင်းချပြီး အလကားပေးချင်တယ်.. ရော့ "


ကျွန်တော် နားမလေးသော်လည်းသူမသည်ကျွန်တော့်အားနားလေးသူဟုထင်ပုံရပါသည်။


အကျယ်ကြီးပြန်အော်ပါသည်..


အကျယ်ကြီး.. အကျယ်ကြီးဟုပြန်ပြောခြင်းတော့မဟုတ်ပါ။ သို့သော် .. အကျယ်ကြီးပြန်အော်ပါသည်..


"ဘာရှင့် ………. ရှင်ကျွန်မကိုဘယ်လိုမိန်းမစားမှတ်လို့လဲ ......."


အဲဒီမေးခွန်းကိုမိန်းခလေးတိုင်းမေးတတ်ပြီးယောက်ျားလေးတိုင်းမှန်ကန်အောင်မဖြေတတ်ကြောင်း ကျွန်တော်အသေအချာသိပါသည်။ ငြင်းလိုသူများ ၁၉၉ သို့ ဖုန်းဆက်၍ငြင်းနိုင်ပါသည်။…..


"အဲ .. အဲလိုတော့ကွန်တော် ဈေးမဖြတ်တတ်ဘူးဗျ.. ခင်ဗျားပဲပြောပြပါ.. တစ်ခါတည်းရောင်းဈေးပဲ
ပြောလိုက်တော့ ….."



"ဘာ .. ရှင် .. ရှင် ........."


ထမင်းမစား၇သေး၍ထင်ပါသည်သူမ အသားများပင်တုန်၍နေပါသည်။


"ရှင်မျက်နှာရူးလှချည်လား .. ဟင်..........."



"ဗျာ .. ကျွန်တော်မျက်နှာအကောင်းကြီးပါ .. ဒါပေမယ့် အသစ်တော့မဟုတ်ဘူး အဟောင်း ..


အဲဒီလိုပဲ ကျွန်တော့်ခနာကိုယ်လည်းအဟောင်းကြီးပဲ ..


ပြီးတော့ ဆေးပညာ ရပ်မှာလည်း မျက်နှာတစ်ခုတည်းကွက်ပြီးရူးတာ တော့မကြားမိသေးဘူး..


ပြီးတော့ ရူးတဲ့သူဟာကိုယ့်ကိုယ့်ကို ရူးမှန်းမသိဘူး .. "



ဆက်ပြောသောစကားသည်မြန်မာစကားဖြစ်ကြောင်းသေချာပေါက်လောင်းရဲပါသည်။


"ဒီမှာအောင်အောင် ….ရှုင့်ကို ရှင်းရှင်းပဲပြောမယ် .. ကျွန်မမှာချစ်သူရှိတယ် သူက ဗိုလ်ကြီး"



"သြော် .. ဗိုလ်ကြီးအဆင့်ပဲ ရှိသေးတာကိုး .. "


"ဘာ……… ဘာပြောတယ် .. တော်ပြီရှင့်လို ကောင်နဲ့ ဆက်ပြောစရာအကြောင်းကိုမရှိဘူး……….. ရှင့်ကိုမုန်းတယ် ……… "


"ဟုတ်ကဲ့ .. ကျွန်တော်လည်းရည်းစားစကားမပြောရသေးပါဘူး ……… "


သူမတောက်ခေါက်ပါသည်


မခေါက်တတ်၍ "ကလောက် "ဟုမည်ပါသည်…………………


ဒါပါပဲ ……




သို့သော် … ကျွန်တော်အသည်းကွဲပါသည် ..


ဆရာဝန်ကတော့ အသည်းပုံမှန်အလုပ်လုပ်ပါသည် ။နှလုံးခုန်နှုန်း မြန်မြန်နေတတ်တာ ကတော့ သတိထားရမည်ဟုပြောပါသည်…


မည်သို့ပင်ဖြစ်စေ …….. ဇွတ်ဒရွတ်ကို အသည်းကွဲပြစ်လိုက်ပါသည်။


အသည်းအကွဲကြီးနှင့် ထမင်းစားရတာ မကောင်းလှပါ…


သို့သော် ဒီတိုင်းထားလိုက်ပါသည်။ ဒီအတိုင်းထားလိုက်သည်ဟုပြော၍ဟိုအတိုင်းမထားလိုက်ပါ။

ကံကော်ပွင့်များကိုမြင်တိုင်းသူမကို ရော၍မြင်တတ်ပါသည်။


သူမသည် "လူမ "ဖြစ်၍ကံ့ကော်ပွင့်နှင့် ဘာမှမဆိုင်ပါ..


ဘာမှမဆိုင်ကြောင်းကျကျနနသိသော်လည်း လွမ်းပါသည်။တကယ်တမ်း

ကျကျ နန သည် ဘာကိုပြောမှန်းမသိပါ.. ကျကျ နှင့် နနကိုပြောတာဖြစ်နိုင်သည်ဟု


တော့မရေမရာတွေးမိပါသေးသည်။


ခြောက်နှစ်ကြာခဲ့ပြီ……….


ကျွန်တော့် အသည်း အကွဲကြီးသည် ရှေးဟောင်းပစ္စည်းအဖြစ်


ကြိုက်ဈေးခေါ်၍ရသွားပါပြီ။ကောင်းပါသည်။

သို့သော် ကျွန်တော်ရောင်း၍မရပါ။


ဒီမြို့ ကလူတွေ မ၀ယ်နိုင်သောကြောင့်ဖြစ်ပါသည်။…

 

About Me


aung aung Web နည်းပညာကို လေ့လာလိုက်စားသူ Freelance Developer တစ်ဦး ။ စိတ်ပါလျှင်ကဗျာတွေစာတွေလည်းရေးတတ်သူ။

Make a free website with Yola