လောကအတွက် ဘယ်လိုလူမျိုး ကပိုပြီးလိုအပ်သလဲ?

တစ်ရက်ကပေါ့ အိုင်တီစီမီနာတစ်ခုကိုသွားခဲ့တယ်….
အရမ်းလေးစားဖို့ကောင်းတဲ့လူတစ်ယောက်နဲ့သိခဲ့၇တယ်..
သူကဆေးပညာ နဲ့ ဘွဲ့ရပြီးသား ဒါပေမယ့် အိုင်တီကိုဝါသနာပါလို့ ထပ်ပြီးလေ့လာခဲ့တာ..
တစ်လျှောက်လုံးတတ်လိုက်ရတဲ့ သင်တန်းတွေ.. ဖြေလိုက်ရတဲ့ စာမေးပွဲ
အိုင်တီတစ်ခုတည်းနဲ့ကိုအချိန်တွေတော်တော်ပေးလိုက်ရတာ…အသက်လည်းကြီးပါပြီ..
ခုချိန်မှာတော့ နေရာတစ်ခုရခဲ့ပြီလေ.. တစ်လတစ်လသူ့ဝင်ငွေက FEC ၆၀၀ ရှိတယ်လို့
သိရတယ်…ကိုယ့်ကိုယ်ကိုတော်သထက်တော်အောင် မဆုတ်မနစ်ကြိုးစားရင်း နာမည်တစ်ခု
ရယူနိုင်ခဲ့တဲ့ မြန်မာပညာရှင်တစ်ယောက် ကိုသိကျွမ်းရတဲ့အတွက်လည်းဂုဏ်ယူမိပါရဲ့....ဗျာ.

အပြန်လမ်းမှာတော့ အသုဘတစ်ခုနဲ့တိုးပါလေရော….
ထူးခြားတာက အသုဘက အရမ်းစည်တာပဲ….အဲဒီထဲ အသိတစ်ယောက်ကိုတွေ့တော့

နည်းနည်းလေးစပ်စုကြည့်လိုက်ရုံနဲ့ များများကြီးကိုသိခဲ့ရပါရော..
သေဆုံးသူကဒေါက်တာခင်မောင်ပြုံး ပါတဲ့.
ST. ဖရန့်စစ် ဇေးဗီးယား ၇၅(၃၈-၃၉)ဘုရားကျောင်းမှာ နွမ်းပါးတဲ့သူတွေကို အခမဲ့ ဆေးကုပေးတဲ့

စိတ်ထားမွန်မြတ်လှတဲ့ ဆရာဝန်င်္ကြီးတစ်ဦးဖြစ်ပါသတဲ့…ဗျာ..
အဲဒီနေ့ကလည်း ဆင်းရဲလှတဲ့ ကလေး အယောက်သုံးဆယ်ကို Medical Check Up
လုပ်ပေးရင်း တော်တော်လေးပင်ပန်း ခဲ့တဲ့အတွက်ညမှာ နှလုံးရောဂါ ဖောက်ပြီးသေဆုံး
ခဲ့တယ်လို့ သိရပါတယ်….
လူတွေကိုကယ်တင်ဖို့ သာစိတ်ထဲမှာထည့် ထားရတာနဲ့ ကိုယ့်  ရောဂါကိုယ်
ပြန် ကြည့်ဖို့တောင်သတိမရခဲ့တော့ ဘူးလား လို့ စိတ်ထဲ မကောင်းဖြစ်ရပါတယ်..
လူ့အသက်ထက်ပိုက်ဆံကိုသာပထာန ထားတဲ့ ဆရာဝန်တွေထဲမှာ တော့
ဘာသာခြားတစ်ယောက်ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်ကိုလည်း မချီးကျုးပဲ မနေနိုင်ခဲ့ပါဘူး..
ဒီလိုလူမျိုးကတော့သေပြီးရင်တောင် လူထုက တသသနဲ့ သတိရနေရမယ့်လူမျိုးပါပဲ..

အတွေးဆိုတာကစပ်ဆက် ဖြန့်ကျတ်ထွက်လာတတ်တာသဘာဝပဲ ဆိုတော့
ကျွန်တော်လည်း ဒီတစ်နေ့ထဲ မှာပဲရခဲ့ တဲ့ အတွေ့ အကြုံလေးတွေကို အချိုးချကြည့်နေမိတယ်..

တကယ်လို့များသူငယ်ချင်းမှာ ကိုယ့်ဘ၀ကိုစိတ်ကြိုက်တည်ဆောက်ဖို့ အခွင့်အရေး၇ရှိ
ခဲ့မယ်ဆိုရင် ….
ဘယ်လိုမျိုးတည်ဆောက်မှာလည်း…????
ကိုယ့်ကိုယ်ကို ချည်းပဲတော်သထက်တော်အောင် ဖြည့် ဆည်းရင်းနေနေတော့မှာလား…?