အောက်တိုဘာ ၁၇မှာ ရတနာပုံ ၀ဘ်ပရိုတယ်ဖွင့်ပွဲကြီးကျင်းပတာသတင်းမှာကြည့်လိုက်ရပါတယ် ။ အဲဒီသတင်း အပြီးမှာတော့ ရတနာပုံဆိုက်ကို ၀င်ကြည့်ဖြစ်ပါတယ် ။ ပြီးတော့ အကောင့်တစ်ခုလည်းလုပ်မယ်စိတ်ကူးပါတယ်။


တကယ်အကောင့်လုပ်ဖို့ပေးထားတာတွေဖြည့်တော့ မေးလ်ခွင့်ပြုလို့ ရမရပြန်စစ်ဖို့ပေးထားတဲ့ “စစ်ရန”်ခလုပ်ကိုနှိပ်တာ အလုပ်မလုပ်ပါဘူး။ ဒါနဲ့ပဲ အားလုံးပြည့်စုံအောင်အသေအချာဖြည့်ပြီး Submit ကိုသေသေချာချာနှိပ်ပါသော်လည်း


ဘာမှမဖြစ်ပါ။


နှစ်ခါသုံးခါလောက်လုပ်ပြီးမရတော့ နောက်နေ့မှပဲ စမ်းကြည့်တော့မယ်လေ ဆိုပြီးထားလိုက်ပါတော့တယ်။


နောက်နေ့ အံခဲပြီးတစ်ကြိမ်ပြီင်္းတစ်ကြိမ်စမ်းပါတယ် ။ ဘာမှမဖြစ်လာပါ။


စိတ်လည်းညစ်သွားပါတယ်။ဒါနဲ့


ကျွန်တော်တစ်ယောက်တည်းဖြစ်နေတာလားထင်ပြီး ရန်ကုန်ကသူငယ်ချင်းတစ်ယောက်ကို


လှမ်းမေးတော့သူလည်းမရပါဘူးတဲ့ ။

“စမ်းသပ်ကာလအနေဖြင့် စက်တင်ဘာလ (၃ဝ)ရက်နေ့မှ အောက်တိုဘာလ (၃ဝ) ရက်နေ့အထိ သတ်မှတ်ထုတ်လွှင့်နေပါသည်။ ထိုကာလအတွင်း သုံးစွဲသူ Member များအနေဖြင့် မိမိတို့၏ User Account များအား စမ်းသပ်ကာလ ပြီးဆုံးပါက အသစ်ပြန်လည်
Register ပြုလုပ်ရန် လိုအပ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။”

ဆိုတဲ့စာသားအစား register လုပ်ရန် ခွင့်မပြုသေးပါလို့ပြန်ပြင်ရေးလိုက်တာပိုကောင်းပါမယ်။

ဒါနဲ့စမ်းသပ်ကာလအပြီး နိုဝင်ဘာ၁၁ မှာ ထပ်လုပ်ပါတယ် ။ အံ့သြဖို့ကောင်းပါတယ် ။

register လုပ်မရပါ။ G-mail ကဲ့သို့ Y-Mail လာတော့မည်တို့ ဘာတို့ အင်တာနက်ဂျာနယ်မှာရေးထားတာတွေ ပြန်ဖျက်ပစ်ဖို့ကောင်း

ပါတယ် ။

ဂျာနယ်မဂ္ဂဇင်းတွေ မှာလူတကာသိပြီးသား နိုင်ငံတော်အကြီးအကဲကိုယ်တိုင်ဖွင့်ပွဲလုပ်

သွားခဲ့ရတဲ့ မြန်မာ့ စပယ်ရှယ်ဆိုက်ကြီးက ဘာမှလုပ်မရ ပါလား။ ????

အထင်ကြီးမှာစိုးလို့ ပညာတွေများလျှိုထားတာလား။????

အမျိုးသားအဆင့် Web Portal ကြီးကလည်း ဘယ်လိုမျိုးကြီးလည်းဗျာ ....။