Posted by aung aung on Saturday, October 16, 2010
Under: ရသ
ငါအိုသွားသောအခါ
----- ချိနဲ့တဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ
အင်္ကျီလုံချည် ဖိုသီဖတ်သီ ဖြစ်နေတဲ့ ငါ့ကိုမရွံပါနဲ့
ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို သတိရပေးပါ။
----- အပ်ကြောင်းထပ်မက ပြောဘူးတဲ့ စကားတွေကို ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ နားထောင်ပေးပါ။
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေ...စတဲ့
ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါ.ချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
----- မလူပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါကို မညိုညင်ကြပါနဲ့.။
ငယ်ငယ်တုန်းက ချော့တစ်ခါ၊ချောက်တစ်လှည့် ရေချိုးပေးခဲ့တာတွေကို မြင်ရောင်ပေးပါ။
----- ခေတ်သစ်နည်းပညာသစ်တွေကို နားမလည်ခဲ့ရင် မလှောင်ပါနဲ့၊
ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာတွေကို သတိရပေးပါ။
----- တစ်နေ့ထက် တစ်နေ့အိုစာသွားတဲ့ ငါကိုကြည့်ရင်း ဝမ်းမနည်းပါနဲ့ ၊ နားလည်ပေးပါ။
ချစ်ခြင်းမေတ္တာနဲ့ အေးမြမူတွေကို ..ငါဟာ..ပြုံးပြုံးလေး လက်ခံပါမယ်။
အဲ့ဒီ အပြုံးတွေထဲမှာ မဆုံးနိုင်တဲ့ ငါ့မေတ္တာတွေကို တွေ့ရမှာပါကွာ။
In : ရသ