ဟိတ်ညီမလေး ..


နေမကောင်းဘူးဆို …  ညီမလေး အရမ်းစိတ်အားငယ်နေ မှာဆိုတာ အစ်ကိုကြီးသိတာပေါ့ကွယ် ။ငိုလည်းမငိုနေနဲ့ဦးနော် ……. အခု နေရာ လေးမှာ ရောအဆင်ပြေရဲ့လား
…………… ဟင်…………….


ညီမလေးက အရာရာ အကောင်း မြင်တတ်တဲ့သူဆိုတော့  အဆင်ပြေမှာ
အစ်ကိုသိပါတယ် …..အပြင်မှာ အရမ်းအေးတယ်နော် … အနွေးထည်လေးလည်းဝတ်ထားဦး…


ဖေဖေ နဲ့မေမေ မရှိကတည်းက ညီမလေးကို အစ်ကိုကြီးပဲ ကြည့်ရှု လာရတာဆိုတော့


 ညီမလေးကို အရမ်းပဲ စိတ်ပူတယ် ကွယ်…….မောရောမောနေသေးလား ……….


ဆေးလေးသောက်လိုက်နော် .. ပြီးတော့အစ်ကိုကြီးညီမလေးကိုပုံပြင်ပြောပြမယ် …


စောင်လေးခြုံပြီးနားထောင်နေနော် ……….. အရမ်းလိမ္မာတယ် ……………..


 ကဲ ကဲ စပြီ နားထောင် ……..




ဟိုးရှေးရှေးတုန်းကတဲ့ ………….


ရွာတစ်ရွာမှာ အင်မတန်ဆင်းရဲတဲ့ သူရင်းငှားလေးတစ်ဦးရှိသတဲ့ကွယ် .. သူက အရမ်းဆင်းရဲလွန်းတော့
သူ့ကိုပေါင်းသင်းမယ့်သူငယ်ချင်းဆိုတာမရှိဘူးတဲ့


သူနဲ့လက်ထပ်ချင်တဲ့ မိန်းခလေးဆို တာကတော့အဝေးကြီးပေါ့ကွယ်……….


မိုးတွေ အရမ်းသည်းတဲ့ညတစ်ညမှာတော့ သူဆင်းရဲ ကလေးရဲ့ တဲလေးထဲကို နတ်သမီးလေး


တစ်ပါး ကောင်းကင်က ဆင်းလာသလားထင်ရလောက်အောင်လှပတဲ့မိန်းခလေးတစ်ဦး


ရောက်လို့လာသတဲ့ ..ညီမလေး နဲ့တူလို့ချောတာနေမှာပေါ့နော်...ပြီးတော့မိန်းခလေးကပြောတယ် ..


“ကျွန်မ ကခရီးသွားတစ်ဦးပါ ။ မိုးတွေ အရမ်းရွာနေလို့ ဟောဒီတဲထဲမှာတစ်ညလောက်


နားခိုခွင့်ပြုပါ”  လို့ခွင့်တောင်းသတဲ့ ……….. သူဆင်းရဲလေး အရမ်းကိုဝမ်းသာသွားတာ


ပေါ့ ။ သူကချက်ချင်းပဲ သူ့ ရဲ့ကောက်ရိုးအိပ်ယာလေးကိုမိန်းခလေးအတွက်ပေးလိုက်သတဲ့ ။


နောက်တစ်နေ့ မနက်မှာတော့ မိန်းမလှလေးဟာ မိုးမိလို့ ဖျားပါရောတဲ့ကွယ် …ညီမလေးအခုနေမကောင်း

ဖြစ်သလိုမျိုးနေမှာပေါ့ကွယ်......


သူဆင်းရဲလေးခြေမကိုင်မိ ၊လက်မကိုင်မိဖြစ်သွားတာပေါ့ကွယ် .. ပြီးတော့သူ သိထားတဲ့ဆေးဘက်ဝင် အရွက်တွေ
ကိုတောထဲသွားခူး သတဲ့ပြီးတော့ အရသာရှိတဲ့ ဆန်ပြုတ်လေးလည်းလုပ်ပြီးတိုက်သတဲ့ ..
သူကတော့ ဘာမှမစားပါဘူးတဲ့ .. သိပ်မကြာခင်မှာပဲမိန်းခလေးနေပြန်ကောင်းလာသတဲ့ ……..


“ နေပြန်ကောင်းလာတော့ မိန်းခလေးကပြောသတဲ့..


ရှင့်ကိုကြည့်ရတာတစ်ယောက်တည်း အထီးကျန်နေသလိုပဲ .. ကျွန်မလည်းတစ်ယောက်တည်းသမားပါပဲ ကျွန်မတို့လက်ထပ်ပြီးအတူတူနေရအောင်”လို့


ပြောသတဲ့ ………..


အဲဒီ အချိန်ဟာသူဆင်းရဲလေးအတွက် အပျော်ဆုံးအချိန်ဆိုတာ ပြောစရာတောင်မလိုပါဘူး


……….. အဲဒီအချိန်ကစလို့သူဆင်းရဲလေးဟာ အလုပ် ကိုဖြောင့်အောင်မလုပ်ရတော့ဘူးတဲ့


သူက မကြာခဏဆိုသလို အိမ်ပြန်ပြန်လာပြီး “ချစ်ဇနီးလေးရေ မင်းရှိသေးရဲ့လား”ဆိုပြီး


လာလာကြည့်တတ်လို့ပါတဲ့ ..ဟိတ် .. ညီမလေးပြုံးနေတယ်မှတ်လား .....ဟဲဟဲ .. ဆက်နားထောင်ဦး..

သူလုပ်တဲ့ကောက်ရိုး ဖိနပ်တွေဆိုလည်း ဘယ်သူမှစီးလို့


မရတော့ပါဘူးတဲ့ ဘာလို့လဲဆိုတော့ကောက်ရိုးဖိနပ်လုပ်ရင်းသူ့ ချစ်ဇနီးလေးမျုက်နှာကိုပဲကြည့်နေတော့

ဖိနပ်တွေဟာရှည်တဲ့ဟာကရှည်တိုတဲ့ဟာကတိုဖြစ်ကုန်လို့ပါတဲ့ ..  

အဲလိုချစ်တာနော်... ညီမလေး အိမ်ထောင်ပြုရင်လည်း အချစ်ကိုပဲဦးစားပေးရွေးစေချင်တယ်....

ကိုကြီးကတော့ .... ချစ်ပြီးလက်ထပ်တာက ပိုကောင်းတယ်ထင်တာပဲ... ညီမလေးကစိတ်ထားကောင်း

တော့ လူကောင်းလေးနဲ့တွေ့မှာပါ........... ကိုကြီးယုံပါတယ်...................ကဲကဲဆက်ပြောပြမယ်နော်...

သူဆင်းရဲလေးရဲ့ဇနီး ဟာ ပုံတူပန်းချီ တစ်ခုကိုဆွဲသတဲ့ ..

ပြီးတော့ သူဆင်းရဲလေးကို  “အခုရှင်အလုပ်သွားရင်ဒီ ပန်းချီကားကိုယူသွား၊  ပြီးရင်မြင်သာတဲ့နေရာမှာချိတ်ထားလိုက် ၊

ရှင်ကျွန်မကိုတွေ့ ချင်တိုင်းပန်းချီကားကိုကြည့်ပေါ့” လို့ပြောသတဲ့။


ဒီတော့မှပဲ သူုဆင်းရဲလေးဟာခါတိုင်းလို အလုပ်ပြန်လုပ်နိုင်တော့သတဲ့ကွယ် ………..


တစ်နေ့တော့ သူုဆင်းရဲလေးအလုပ်လုပ်နေတုန်း လေပြင်းတွေတိုက်ခတ်တာကြောင့်


ပန်းချီကားကြီးဟာလေနဲ့အတူလွင့်ပါသွားတော့သတဲ့ …………..သူဆင်းရဲလေးဟာပန်းချီကားကိုလိုက်ဖမ်းတာပေါ့


ဘယ်လိုမှရှာလို့မရတော့မှ  ငိုပြီးအိမ်ကိုပြန်လာတယ် … သူဆင်းရဲလေးရဲ့


ဇနီးက နှစ်သိမ့်ပေးသတဲ့ …… “စိတ်မပူပါနဲ့ ရှင်ကျွန်မနောက်တစ်ပုံထပ်ဆွဲပေးပါ့မယ်”.. လို့ပြောသတဲ့


ဒီတော့မှ သူဆင်းရဲလေးလည်း အငိုတိတ်သွားတယ်တဲ့ …….


အပြင်လောကမှာလည်းနှစ်သိမ့်တဲ့စကားဟာအရမ်းအရေးကြီးတယ် ညီမလေးရဲ့ .... လိုအပ်ရင်ပြောပေးဖို့

ဝန်မလေးနဲ့နော် .. ညီမလေး... ဒါပေမယ့်ကိုကြီးသိပါတယ်.. ညီမလေးကလိမ်မာပြီးသားဆိုတာ.....


 ဆက်ပြောမယ်နော်....အဲဒီပန်းချီကားဟာကံကြမ္မာဆိုးကိုသယ်လာမယ်ဆိုတာတော့ဘယ်သူမှမသိလိုက်ပါဘူးတဲ့..


အဲဒီလွင့်သွားတဲ့ပန်းင်္ချီကားဟာ နန်တော်ထဲကိုကျသွားတာကြောင့်ဘုရင်ကြီးကတွေ့ သွားပါသတဲ့


ပြီးတော့ အရမ်းကိုပဲစွဲလမ်းသွားတာကြောင့် ပန်းချီကားထဲကမိန်းမချောကို ဘယ်လိုဖြစ်ဖြစ်ရှာပြီးဆက်သရမယ်လို့

အမိန့်ထုတ်လိုက်သတဲ့ကွယ် …………..


မူးကြီးမတ်ရာ သေနာပတိတွေဟာ .. ပန်းချီကားကြီးကိုင်ပြီး မြို့ အနှံ့ လိုက်ရှာတာပေါ့ ..........နောက်


ဆုံးတော့ သူဆင်းရဲလေးရဲ့ရွာကိုရောက်လာပြီးသူဆင်းရဲလေးရဲ့ဇနီးကိုတွေ့သွားတာပေါ့ကွယ်။


ပြီးတော့သူဆင်းရဲလေးရဲ့ဇနီးကိုအတင်း ခေါ်တော့တာပေါ့ ..


သူဆင်းရဲလေးငိုယိုတောင်းပန်ပေမယ့်မရဘူးတဲ့ကွယ် ..


သူဆင်းရဲလေးရဲ့ပညာရှိတဲ့ဇနီး ကပြောတယ် လာမည့်ခရစ်စမတ်နေ့ ရောက်ရင် တောထဲက


ထင်းရှူးပင်တစ်ပင်ခုတ်ပြီးနန်းတော်ရှေ့မှာ “ခရစ်စမတ်အတွက်ထင်းရှူးပင်လှလှလေးရမယ်”


ဆိုပြီးလာရောင်းပါ ။ ဒါဆို ရှင်နဲ့ကျွန်မ အတူတူပြန်နေလို့ရမယ်လို့ မှာကြားပြီးလိုက်သွားတော့သတဲ့……….
သူဆင်းရဲလေးဟာ 
ခရစ်စမတ်ရောက်မယ့်နေ့ကိုလက်ချိုးလို့ရေတွက်ရင်းနေခဲ့ရသတဲ့ကွယ် …..


အလုပ်လည်းကောင်းကောင်းမလုပ်တော့ဘူးတဲ့ အစားကိုလည်း အချိန်မှန်မစား နိုင်ရှာတော့ဘူးတဲ့ကွယ် …………………………………………….


ဒီလိုနဲ့ခရစ်စမတ်နေ့ကိုရောက်လာသတဲ့သူဆင်းရဲလေးလည်းထင်းရှူးပင်ကြီးကိုင်ပြီး


နန်းတော်ကိုလာခဲ့သတဲ့ ………. ပြီးတော့…. ခရစ်စမတ်အတွက်ထင်းရှူးပင်လှလှလေးရမယ်


………ခရစ်စမတ်အတွက်ထင်းရှူးပင်လှလှလေးရမယ်


 လို့အော်ပြီးရောင်းနေတော့တာပေါ့ ။ အဲဒီအသံကိုလည်းကြားရော နန်းတော်ထဲမှာ အမြဲ


မျက်နှာတည်ပြီးသာနေတဲ့ ပန်းချီ်ကားထဲကနေရှာတွေ့ခဲ့တဲ့မိဘုရားကြီးဟာပြုံးလာသတဲ့ ။


ဘုရင်ကြီးဟာမိဘုရားကြီးရယ်အောင်နန်းတွင်း အကျော်အမော်များနဲ့


အမျိုးမျိုးကြိုးစားပေမယ့်မရယ်ပဲ ခုမှ ထင်းရှူးပင်ရောင်းသမားလေးကြောင့်ပြုံးလာတာတွေ့


 တော့ အရမ်းဝမ်းသာသွားတာပေါ့ကွယ်………………………


ထင်းရှူးပင်ရောင်းသမားလေးကိုလည်းရှေ့တော်သွင်းစေသတဲ့ .. ပြီးတော့ ခုနကထင်းရှူးပင်ရောင်းတဲ့ ပုံစံထပ်လုပ်ခိုင်းသတဲ့...

.......... အဲဒီအခါမှာပေါ့မိဘုရားကြီးဟာ ပြုံးရုံမကတော့ပဲ ရယ်ပါရောတဲ့ …….


ဘုရင်ကြီးဟာ ဒီတစ်ခါတော့မိဘုရားကြီးပိုပျော်ရအောင်ဆိုပြီး သူကိုယ်တိုင်ထင်းရှူးပင်ရောင်းသမားလေးနဲ့

အ၀တ်ချင်းလဲဝတ်ပြီး  နန်းတော်ထဲမှာ   ခရစ်စမတ်အတွက်ထင်းရှူးပင်လှလှလေးရမယ်

………ခရစ်စမတ်အတွက်ထင်းရှူးပင်လှလှလေးရမယ်……….လို့အော်ပြီးကပြသတဲ့...

ထင်းရှူးပင်ကြီးနဲ့ကို့ယို့ကားယားကနေမယ့်ဘုရင်င်္ကြီးကိုညီမလေးမြင်ယောင်ကြည့်ပေါ့..........


မိဖုရားကြီးလည်းလက်ခုပ်လက်ဝါးတီးပြီးရယ်သတဲ့ .. အဲလိုက နေရင်း


ဘုရင်ကြီးဟာနန်းတော်တံခါးအပြင်ဘက်ကိုရောက်မှန်းမသိရောက်သွားသတဲ့ ..


အဲလိုရောက်သွားတာနဲ့တစ်ပြိုင်နက် မိဖုရားကြီးဟာနန်းတော်တံခါးကိုပိတ်ခိုင်းလိုက်သတဲ့ကွယ် …………


ဘုရင်ကြီးဟာ နန်းတော်တံခါးကို တဘုန်းဘုန်းထုပြီး တံခါးပြန်ဖွင့်ဖို့ပြောနေတာပေါ့ကွယ်..


မိဘုရားကြီးကတံခါးစောင့်ကိုခေါ်ပြီး


“နန်းတော်တံခါးရှေ့ မှာကိုယ့်ကိုယ်ကို ဘုရင်လို့ပြောနေတဲ့ သူရူးတစ်ယောက်ရှိတယ်


အဲဒီသူရူးကို ပြည်နှင်ဒဏ်ပေးစေ” လို့အမိန့်ထုတ်လိုက်သတဲ့ ………

ပညာရှိတဲ့ သူဆင်းရဲလေးရဲ့ဇနီးကြောင့်


သူဆင်းရဲလေးဟာဘုရင်ဖြစ်သွားပြီး .. သူဆင်းရဲလေးရဲ့ဇနီးကတော့


မိဘုရားကြီးအဖြစ်နဲ့ ရွှေနန်းတော်ကြီးထဲမှာ တစ်သက်လုံးပျော်ပျော်ရွှင်ရွှင်နေသွားကြ သတဲ့ကွယ် …………..


 ပုံပြင်လေးကတော့ဒါပါပဲ ..နားထောင်လို့ကောင်းတယ်မှတ်လား..... မှန်း .........


 ……… သြော်ညီမလေး ကအိပ်နေပြီကိုး …………


တိတ်တဆိတ်ကျဆင်းလာသောမျက်ရည်တစ်ချို့ကို လက်ခုံနဲ့ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်မိသည်။ 


အိပ်အိပ်ညီမလေး .. အိပ်မက်လှလှမက်ပါစေ …


ခပ်တိုးတိုးဆုတောင်းရင်း ညီမလေးအခန်းထဲကလှည့်ထွက်ခဲ့မိသည်။မောင်နှမနှစ်ယောက်ရဲ့ဓါတ်ပုံလေးက ခေါင်းရင်းမှာရှိနေဆဲ-

ညီမလေးကချစ်စရာခေါင်းလေးကိုငဲ့ရင်း ပြုံးနေ လိုက်တာ ......................


အဝေးဆီက ဘုရားကျောင်းခေါင်းလောင်းသံသဲ့သဲ့ ကြားရသည်။ ကြယ်ဖြူတစ်ပွင့်ကြွေကျသွားသည်။


ဒီလို အရမ်းအေးပြီးချစ်စရာကောင်းတဲ့တဲ့ ဒီဇင်ဘာညလေးတစ်ညမှာ ……………………..အခုလိုပဲပုံပြင်လေးနားထောင်ရင်း


ညီမလေး အိပ်ပျော်သွားခဲ့တာခြောက်နှစ်ကြာခဲ့ ပါပြီ  ……………………………